၈၁၈။ သေဖို့ မတောင်းဆိုနဲ့ (၁)

196 27 0
                                    

၈၁၈။ သေဖို့ မတောင်းဆိုနဲ့ (၁)

လေ့ချန်နှင့် မိတ်ဖွဲ့တာကို အတည်ပြုပြီးနောက်, လိပ်ပြာတိုက်ပွဲက ဂျန်ဝုရှီနှင့် သူမအပေါင်းအသင်းများ နာမည်ကျော်ကြားဖို့ ဖြစ်လာလိမ့်မည်။

သို့သော်ငြား ဂျန်ဝုရှီက စတုတ္ထအကျော့မှာ ယှဉ်ပြိုင်ဖို့ စင်ပေါ်တက်လာချိန်မှာ နောက်တစ်ကြိမ် မထင်မှတ်ထားသော အရာ ဖြစ်လာပြန်သည်။ ဂျန်ဝုရှီနှင့် ယှဉ်ပြိုင်ရမည့် လူငယ်က တခြားလူငယ်သုံးယောက်လိုပင် လိပ်ပြာတိုက်ပွဲမှ ထွက်ခွာသွားသည်။ ထို့ပြင် ဒီတစ်ကြိမ် ပိုမို ပြင်းထန်သော ကိစ္စရပ် ဖြစ်လာသည်။

ထိုလူငယ်က ယှဉ်ပြိုင်ဖို့ မလာရုံတင် မကဘဲ အသက်ပါ ဆုံးရှုံးသွားခဲ့သည်။ ဒါက လိပ်ပြာတိုက်ပွဲတွင် ပထမဆုံး လူသတ်ခံရခြင်း ဖြစ်သည်။ ဒီသတင်းက ပြိုင်ပွဲဝင်များ အားလုံးအား ဆွဲဆောင်သွားသည်။

ပြိုင်ပွဲမှ ထွက်ခွာသွားခြင်းက ဂျန်ဝုရှီနှင့် သက်ဆိုင်နေသည်။ ထိုလူငယ်များ နှုတ်ထွက်သွားခြင်း၏ နောက်ကွယ်မှ အကြောင်းက လူတိုင်း ပြောစရာ ဖြစ်လာသည်။ ထိုအဖြစ်အပျက်က အိမ်ရှေ့စံနှင့်လည်း ချိတ်ဆက်နေသည်။ အိမ်ရှေ့စံက ၎င်းလူငယ်များကို လိပ်ပြာတိုက်ပွဲမှ ထွက်ခွာရန် ဖိအားပေး, သို့မဟုတ် တံစိုးလက်ဆောင် ပေးထား၏ဟူ၍ လူတိုင်း သံသယဝင်နေကြသည်။ သို့သော် ဒီတစ်ကြိမ်မှာတော့ ကိစ္စရပ်က အလွန် ဆိုးရွားသွားလေပြီ။

တစ်ယောက်က တကယ်ပင် အသက် ဆုံးရှုံးသွားရလေပြီ။

တိုက်ပွဲကွင်းပြင်ရှိ လူအုပ်က ဘာဖြစ်သွားသလဲ တကယ်ပင် သိချင်စိတ် ပေါ်လာကြပြီး သူတို့ အခု အလွန် ဒေါသထွက်လာကြသည်။ ပဉ္စမအကျော့သို့ တက်ရောက်သွားကြသော လူငယ်များက ဂျန်ဝုရှီ၏ နောက်လာမည့် ပြိုင်ဘက် မည်သို့ ဖြစ်လိမ့်မည်နည်းဟူ၍ တွေးတော၍ စိတ်ဆိုးနေကြသည်။

လေ့ချန်က ဂျန်ဝုရှီကို နိုင်စေချင်၍ အသက်တစ်ချောင်းကိုပါ နှုတ်ယူသွားတာက သိသာနေသည်။ ဒါက လိပ်ပြာတိုက်ပွဲမှာ ဆက်လက် ယှဉ်ပြိုင်မည့် သူတို့၏ သွားလမ်းက သေခြင်းဆီသို့သာဟူ၍ သူတို့ထံ သတင်းစကား ပို့လိုက်တာနှင့် တူမနေဘူးလော။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now