၄၉၁။ "ဆက်တိုက်ရိုက်ချက်၊ တတိယပုံစံ-၂"

436 48 1
                                    

၄၉၁။ ဆက်တိုက်ရိုက်ချက်၊ တတိယပုံစံ-၂

ဒါက အနက်ရောင်သားရဲကြီး ဖြစ်သည်။ ၎င်းက မြေကြီးပေါ် ပြုတ်ကျလုလု ဖြစ်နေသော လောင်ချီကို ခေါင်းထိုးခံ၍ မြှောက်လိုက်သည်။ ထို့နောက် ၎င်း၏ ထူထဲသော အမြီးဖြင့် လောင်ချီကို ရစ်ပတ်ယူ၍ သူ့ကျောပေါ်သို့ တင်လိုက်သည်။ လျင်မြန်ပေါ့ပါးသော သားရဲကြီးက လေထဲမှ ခုန်ဆင်း၍ လောင်ချီကို ရှင်းလင်းသော မြေပြင်တွင် အသာအယာ ချပေးသည်။

လောင်ချီက သူ့ကျောပြင် မီးဖြင့် အမြှိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ့ကျောပြင်က မခံမရပ်နိုင် နာကျင်နေပြီး မတ်တပ်ရပ်ဖို့ပင် အနိုင်နိုင် ဖြစ်နေသည်။ သူ့အား ကယ်တင်သော သားရဲကြီးကို ကြည့်လိုက်သည်။ ၎င်းသားရဲကြီးက အံ့အားသင့်ဖွယ်ရာ အမြန်နှုန်းဖြင့် တိုက်ပွဲကွင်းပြင်သို့ ပြန်ဝင်သွားသည်။ သားရဲကြီးက သွက်လက်စွာ ခုန်ဝင်လိုက် ရှောင်ထွက်လိုက်ဖြင့် ရူလင်းစစ်သားများ အားလုံးကို ဖမ်းယူနေ၏။

နောက်ဆုံးတွင် သားရဲကြီးကို အနီးကပ် ရှင်းရှင်းလင်းလင်း မြင်ရချိန်မှာ လောင်ချီ ချက်ချင်း တောင့်တင်းသွားသည်။

ထိုအနက်ရောင်သားရဲကြီးက သူ ရင်းရင်းနှီးနှီး မြင်နေကျ ဖြစ်သည်။ သူက ၎င်းအနက်ရောင်သားရဲကြီးနောက်မှ အကြိမ်ပေါင်းများစွာ လိုက်ခဲ့ရဖူးသည်။ ၎င်းသားရဲကြီး၏ ကျောပေါ်တွင် ထိုင်နေသော ပုံရိပ်လေးကို သူ အာရုံစိုက် ကြည့်လိုက်သည်။ ၎င်းပုံရိပ်က ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းမော့ထားသည်။ ၎င်းပုံရိပ်၏ ကျောပြင်က အလျှော့မပေးဟန်တို့ဖြင့် မတ်မတ်ရှိနေ၏။

နင် မသေချင်ရင် လွတ်လွတ်ကင်းကင်း နောက်ဆုတ်နေ ရင်းနှီးနေကျ လေသံက သူ့နားစည်သို့ ဝင်ရောက်လာသည်။ ၎င်းလေသံက အေးစက်သည်။ သို့သော် သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး နွေဦးစမ်းချောင်းလို နွေးထွေး၍ သက်‌သောင့်သက်သာ ခံစားရစေသည်။

လောင်ချီက ၎င်းအသံပိုင်ရှင်သို့ လှည့်၍ နာကျင်ခြင်းများကို လျစ်လျူရှူကာ ချက်ချင်း ဒူးထောက်ချလိုက်သည်။ သူ၏ မာန်ဝင့်သော ဦးခေါင်းကို နှိမ့်၍ မြတ်နိုးခြင်း ချစ်ခင်ခြင်းများစွာ ပြောလိုက်သည် လောင်ချီက သခင်မလေးကို နှုတ်ဆက်ပါတယ်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now