၇၂၉။ ရှစ်ခုမြောက် ရိုက်ချက် (၁၀)

250 36 1
                                    

၇၂၉။ ရှစ်ခုမြောက် ရိုက်ချက် (၁၀)

နင်ရူက ဖန်ဂျင်၏ စကားကို ပြန်လည် ချေပဖို့ စကားစ ရှာမတော့ပေ။

ဒါ အမှန်ပင် ဖြစ်သည်။ နင်ရူက ဖန်ဂျင့်အပေါ် လူသတ်သမားအဖြစ် လွှဲချဖို့ မရှိမဖြစ် လိုအပ်ချက် နှစ်ခု ရှိသည်။ တစ်ခုက ဖန်ဂျင်၏ မွေးစားသားဟူသော အနေအထားဖြစ်ပြီး ဒုတိယတစ်ခုက ဖန်ဂျင်က စိတ်လွတ်သွားခြင်း ဖြစ်သည်။ စိတ်လွတ်သွားသဖြင့် အပြစ်တင်သမျှကို သူ မည်သို့မျှ ပြန်လည် ချေပနိုင်စွမ်း ရှိမည် မဟုတ်ပေ။

သို့သော် အခု နင်ရူ အခြေခံထားသော အချက်နှစ်ချက်စလုံးက လေထဲ လွင့်ပါသွားလေပြီ။ နင်ရူက ၎င်းအချက်များကို အကြောင်းပြချက်အနေဖြင့် မရမက အသုံးပြုနေပါက ဖန်ဂျင်အား မှားယွင်းစွပ်စွဲခြင်းမျှသာ ဖြစ်လာမည် ဖြစ်ပြီး သူသာ ရယ်စရာလူ ဖြစ်သွားလိမ့်မည်။

ဖန်ဂျင်၏ အသံက ခေါင်းလောင်းသံလို လွင့်တက်သွားသည်။ ကျောင်းသားများနှင့် တခြားဆရာများ အားလုံး ရှင်းရှင်းလင်းလင်း ကြားကြသည်။ ထိုအသံက ဒေါသဖြင့် ရောစွက်နေပြီး အတော့်ကို မယုံနိုင်ဖွယ် ဖြစ်သွားသည်။ ဖန်ဂျင်က ဟာသပြက်လုံးတစ်ခုကို ကြားရသဖြင့် ပြန်လည် တုံ့ပြန်၍ ဟာသလုပ်သည်နှင့်ပင် တူနေသည်။

သို့သော် ၎င်းသတင်းစကားက ကြားရသူ လူတိုင်းအား မိုးကြိုးပစ်ချသည်နှင့် တူနေသည်။ လူတိုင်း အမှန်တရားဖြင့် လှုပ်နှိုးခံလိုက်ကြရသည်။

မှန်ပေ၏။ ဖန်ဂျင်က ဖန်ချီ၏ သားအရင်းဖြစ်သည်။ ကျောင်းအုပ်ကြီးနေရာကို အာသာငမ်းငမ်း လိုချင်သဖြင့် ဖန်ဂျင်က ဖန်ချီအား သတ်ပစ်စရာ လိုအုံးမည်လော။

ထို့ပြင် ဖန်ချီ အသတ်ခံရသည့် ထို့နေ့မှာ ဂုန်ချန်းလီက အခင်းဖြစ်ပွားရာမှာ ရှိနေပြီး ချက်ချင်းပင် အဖမ်းခံလိုက်ရပြီး ဖန်ဂျင်က သူ့အား စွပ်စွဲချက်ကို တစ်ခွန်းမျှပင် ပြန်လည် မချေပခဲ့ပေ။ သွေးထွက်သံယို အမူအခင်းက နင်ရူနှင့် သူ့လူများ၏ ပြောကြားချက်အရသာ ကျောင်းသားများနှင့် ဆရာများက လက်ခံလိုက်ရခြင်း ဖြစ်သည်။ သူတို့ကလည်း ထိုအချိန်မှာ တုန်လှုပ်နေကြသည် မဟုတ်လော။ သူတို့က ဖန်ဂျင်က လူသတ်သမားဟူ၍သာ လွယ်လွယ်ကူကူ ယုံကြည်မိသွားကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now