၇၆၆။ တကယ် ချမ်းသာသူ (၁)

251 34 1
                                    

၇၆၆။ တကယ် ချမ်းသာသူ (၁)

ဂျန်ဝုရှီက ဂျန်ဝုယောင်းကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။

ဂျန်ဝုယောင်းက ပြုံးလျက် သူမအား ငေးကြည့်သည်။ ကောင်းကင်နှင့် မြေပြင်တစ်ခွင်တွင် သူမမှ တပါး သူ အာရုံစိုက်တာကို ခံထိုက်သူ မည်သူမျှ မရှိဟန်ဖြင့် ကြည့်သည်။

ဒီလို လုပ်စရာ မလိုပါဘူး။ ငွေကြေးအကြောင်းကို သူမ တကယ် နားမလည်သော်လည်း ဂျန်ဝုယောင်း၏ လေလံဆွဲသည့် ငွေကြေးက ကိန်းဂဏန်း အလွန်ကြီးမာတာကိုတော့ သူမ သတိပြုမိသည်။

လေးသန်းနှင့် ရှစ်သိန်းကြားမှာ လေလံကြေးက ရပ်တန့်နေပြီး ချက်ချင်းပင် ဆယ်သန်းအထိ တိုးမြှင့်ပေးလိုက်ခြင်းက လေလံပွဲကို ယှဉ်ပြိုင်နေခြင်း မဟုတ်ဘဲ ယှဉ်ပြိုင်ခြင်းကို လုံးဝ ဖျက်ဆီးပစ်ခြင်းသာ ဖြစ်သည်။

လေလံခန်းမက ခဏလောက်ထိ တိတ်ဆိတ်သွားသည်။ ထို့နောက် လေလံအိမ်တော်၏ အမိုးပွင့်မတတ် ကျယ်လောင်စူးရှသော အော်ဟစ်အားပေးသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ ရူးသွပ်လွန်းစွာ လေလံဆွဲသူကို ကို အားလုံး ကြည့်နေကြသည်။ သူကား မယုံကြည်နိုင်လောက်အောင် ချောမောသူ ဖြစ်ပေ၏။

စင်ပေါ်ရှိ လေလံပစ်သူက အံ့အားသင့်နေတုန်းပင်။ သွေးကြာပန်းခိုင်က ဒီလောက်အထိ တန်ဖိုး မြင့်တက်သွားလိမ့်မည်ဟု သူ မှတ်ထင်မထားမိပေ။

ဆယ်သန်း.....

မီးဝိညာဉ်လေလံအိမ်တော်သမိုင်းတွင် ဒီတန်ကြေးထိ တစ်ခါမျှ မရောက်ရှိခဲ့ဖူးပေ။ ထို့ပြင် ထိုတန်ကြေးက သွေးကြာပန်းတစ်ခုတည်းအတွက်သာ ဖြစ်သည်။

ထိုလူ၏ လေလံကြေးကို ကြမ်းလွန်းတယ်ဟူသည့် စကားလုံးမှ တပါး တခြား ဖော်ပြနိုင်သော စကားလုံး ကောင်းကောင်း မရှိတော့ပေ။

ဂျန်ဝုယောင်းက အံ့အားသင့်နေသော ဂျန်ဝုရှီ၏ မျက်နှာလေးကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက အပျော်ရိပ်သန်းနေသည်။ သူက အသာအယာ သဘောကျဟန်ဖြင့် ပြောသည် ရှီလေး အဲဒါကို သဘောကျနေမှတော့, ဈေးဆစ်နေစရာ မလိုတော့ဘူးပေါ့။ တဖြည်းဖြည်းချင်း ယှဉ်ပြိုင်နေမည့်အစား မည်သူမျှ မတတ်နိုင်သည့် ဈေးနှုန်းအထိ ဘာ့ကြောင့် တန်ဖိုး မြှင့်မပေးနိုင်ရမည်နည်း။ ဂျန်ဝုယောင်းက လေလံအိမ်တော်ရှိ လူများနှင့် လေကုန်ခံ၍ အချန်ဖြုန်းမနေလိုပေ။ သူ စိတ်ထဲ ထည့်ထားတာ တစ်ခုတည်းသာ ရှိသည်။ ဒါက ဂျန်ဝုရှီက လိုချင်သည်, သူ ဒါကို သူမအတွက် ရအောင် လုပ်ပေးနိုင်သည်။ ဒါပဲ ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now