၇၂၀။ ရှစ်ခုမြောက် ရိုက်ချက် (၁)

258 33 1
                                    

၇၂၀။ ရှစ်ခုမြောက် ရိုက်ချက် (၁)

ထိုနေ့တွင် လေညင်းကျောင်းတော်ကား ဗြောင်းဆန်က ရှုပ်ထွေးနေသည်။ ပညာသင်နှစ် တစ်နှစ်တာ အဆုံးဖြစ်သဖြင့် ဌာနခွဲမှ မဟာဌာနသို့ ဝင်ခွင့် ရွေးချယ်ရေးကို သူတို့ စောင့်ဆိုင်းကြရမည် ဖြစ်သည်။ ထို့နောက် နှစ်စဉ် ကျင်းပမြဲဖြစ်သော လိပ်ပြာသားရဲတိုက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ပြီး သူတို့၏ အိမ်များသို့ ပျော်ရွှင်စွာ ပြန်ကြပြီး နောက်တစ်နှစ်တွင် ကျောင်းပြန်တက်ရန် သူတို့ ပြန်လာကြရမည် ဖြစ်သည်။

သို့သော် နင်ရူက ရုတ်တရက် ကြေညာချက် ထုတ်ပြန်လိုက်သည်။ လေညင်းကျောင်းတော်သားများ အားလုံး လေ့ကျင့်ရေးခရီးအသစ် ထွက်ကြရမည်ဖြစ်ပြီး တည်နေရာက လေညင်းကျောင်းတော်မှ အလွန်ဝေးကွာသည်။ ၎င်းခရီးစဉ်က လေညင်းကျောင်းတော်မှ တစ်လတိတိ သွားရမည့် ခရီးစဉ် ဖြစ်ပြီး သူတို့အားလုံး သုံးရက်အတွင်း စတင်ထွက်ခွာရန် အသင့်ပြင်ထားကြရမည် ဖြစ်သည်။

နင်ရူက ကျောင်းသားများအားလုံးအား ကိုယ့်ကိုယ်ကို သေချာ ပြင်ဆင်ထားရန်လည်း သတိပေးထားသည်။ ဒီတစ်ကြိမ် လေ့ကျင့်ရေးခရီးစဉ်က လိပ်ပြာသားရဲ တောအုပ် မဟုတ်ဘဲ ချောက်နက်ကြီး အောက်ခြေဖြစ်ကြောင်း သူ ပြောပြထားသည်။

၎င်းသတင်း ပျံ့နှံ့သွားသည်နှင့် တပွက်ပွက် ဆူနေသော လေညင်းကျောင်းတော်က ချက်ချင်းပင် ဖရိုဖရဲ ပေါက်ကွဲထွက်လာသည်။

ကျောင်းအုပ်ကြီး အသတ်ခံရသည့် လှိုင်းလုံးက ငြိမ်သက်မသွားသေးခင်မှာပင်, လေညင်းကျောင်းတော်က နောက်ထပ် အုတ်အုတ်ကျက်ကျက် ဖြစ်လာပြန်သည်။ အိမ်ပြန်ရန် အထုပ်အပိုး ပြင်ဆင်နေသော ကျောင်းသားများက ညည်းညူ၍ မကျေမနပ် ပြောဆိုနေကြသည်။

သို့သော် လက်ရှိ လေညင်းကျောင်းတော်၏ အမြင့်ဆုံး အာဏာကို ဆုပ်ကိုင်ထားသူက နူးညံ့၍ အကျိုးလိုလားသော ဖန်ချီမဟုတ်ဘဲ နင်ရူသာ ဖြစ်နေသည် မဟုတ်လော။

နင်ရူက လက်ထောက်ကျောင်းအုပ်ကြီးဘဝတုန်းက အကျိုးစီးပွားလိုလားသူ ဖြစ်ခဲ့သည်။ သို့သော် ဖန်ချီ ရုတ်တရက် သေဆုံးပြီးနောက် နင်ရူက ကျောင်းအုပ်ကြီးလို ပြုမှုလာခဲ့သည်။ ကျောင်းတော်၏ အာဏာအရှိဆုံးလူ ဖြစ်လာခဲ့ပြီး ရုတ်တရက် ကြမ်းတမ်း၍ ပိုမို တင်းကျပ်လာတော့သည်။ နောက်ထပ် ထည့်စွက်ရမည့် အချက်က သွေးဆာနေသော ဂုယင် ဖြစ်သည်။ သူက ပူပန်မှုလည်း မရှိ, ထိန်းချုပ်မှုလည်း မရှိဘဲ လူသတ်သူ ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now