၈၄၆။ ပြိုင်ဘက်ကင်း ပါရမီရှင် သမားတော်(၂)

184 22 0
                                    

၈၄၆။ ပြိုင်ဘက်ကင်း ပါရမီရှင် သမားတော်(၂)

လေ့ချန်က ခဏလောက် တောင့်တင်းသွားပြီး သူ့မျက်လုံးထဲရှိ တုန်လှုပ်ခြင်းက တဖြည်းဖြည်း ကင်းစင်လာပြီး သံသယအကြည့်ဖြင့် လျင်မြန်စွာ အစားထိုးလာသည်။

လင်းအိမ်တော်လား၊ ရူလင်းစစ်တပ်ကို အမိန့်ပေးနိုင်တဲ့ လင်းအိမ်တော်လား ရန်တိုင်းပြည်က အကြီးမားဆုံး တိုင်းပြည် ဖြစ်သည်။ သို့သော် နှစ်ပေါင်းများစွာ သူတို့က ချီတိုင်းပြည်ကို မဆင်မခြင် မတိုက်ခိုက်ရဲခဲ့ချေ။ ချီတိုင်းပြည်က တိုင်းပြည်သေးသေးလေး ဖြစ်သည်။ စီးပွားရေးမှာ ဖြစ်စေ, စစ်တပ်အင်အားမှာ ဖြစ်စေ, ချီတိုင်းပြည်က ရန်တိုင်းပြည်ကို ယှဉ်နိုင်သည့် အင်အား မရှိပေ။ ချီတိုင်းပြည်ကို မည်သူမျှ မတိုက်ခိုက်ရဲသည့် တစ်ခုတည်းသော အကြောင်းပြချက်က နာမည်ကျော်ကြားသော အကြမ်းပတမ်း တိုက်ခိုက်နိုင်သော ရူလင်းစစ်တပ် တစ်ခုတည်းကြောင့်သာ ဖြစ်သည်။

ရူလင်းစစ်တပ်၏ ဂုဏ်သတင်းက လေ့ချန်နားထဲသို့လည်း ထစ်ချုန်းမြည်ဟည်း၍ ဝင်ရောက်ခဲ့သည်သာ။

အမှန်ပါဘဲ ကျောက်ချူက ခေါင်းညိတ်ပြသည်။ သူ့အပြုံးက နားရွက်တက်ချိတ်မတတ်ပင်။

လေ့ချန်က ဂျန်ဝုရှီကို လေးလေးစားစား ကြည့်လိုက်သည်။ ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါတယ်, မမလေး ဂျန်။

ဂျန်ဝုရှီ ခေါင်းညိတ်လိုက်သည်။

သခင်လေး ကျောက်, ပါရမီရှင်သမားတော်နဲ့ မိတ်ဆက်ပေးချင်တယ်လို့ မင်း ပြောတုန်းက, မင်း သူမကို.... လေ့ချန်၏ မျက်လုံးများက မသေချာမရောရာ ဖြစ်နေသည်။

ကျောက်ချူက ဂုဏ်ယူဝံ့ကြွားစွာ ပြန်ပြောသည် အင်း သူမပဲ။

........ လေ့ချန် ရုတ်တရက် အံ့အားသင့်သွားသည်။ ကျောက်ချူက သူ့အား ပါရမီရှင်သမားတော်နှင့် တကယ် မိတ်ဆက်ပေးမည်ဟု လေ့ချန် ထင်ထားခဲ့သည်။ သို့သော်... ဒါက ထူးခြားသော နောက်ခံရှိသည့် အမျိုးသမီးငယ်လေးသာ ဖြစ်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားပေ။ သူမက ပန်းပေါင်းစုံကို ဝေဝေဆာဆာ လှလှပပ ဖူးပွင့်စေနိုင်သည်။ လေ့ချန်က ရုတ်တရက် လေလျော့သွားသော ဘောလုံးတစ်လုံးလို ခံစားလိုက်ရသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now