၈၄၈။ ပြိုင်ဘက်ကင်း ပါရမီရှင် သမားတော်(၄)

151 27 0
                                    

၈၄၈။ ပြိုင်ဘက်ကင်း ပါရမီရှင် သမားတော်(၄)

ထိုလူငယ်က ဒီလောက် ညှို့ငင်အားကောင်းသော အမျိုးသမီးငယ်ကို အရင်တုန်းက တစ်ခါမှ မတွေ့ဖူးခဲ့ပေ။ တစ်ချက်ကြည့်ရုံမျှဖြင့် သူ့ပတ်ဝန်းကျင်ရှိ ဆူညံမှု မှန်သမျှ ပျောက်ရှသွားလေ၏။ သူ့အာရုံမှန်သမျှက သူ့မျက်လုံးများရှေ့ရှိ ဂျန်ဝုရှီအပေါ်မှာသာ ရှိတော့သည်။

ဇီရှု, မင်း ဘာ ကြည့်နေတာလဲ လေ့ချန်က မင်းဇီရှု၏ အကြည့်က ဂျန်ဝုရှီအပေါ်မှာ စွဲငြိသွားတာကို သတိပြုမိလိုက်သည်။ သူက သတိပေးသည့်အနေဖြင့် အားထည့်၍ ပြောလိုက်ရသည်။

မင်းဇီရှု သတိပြန်ဝင်လာသည်။ သူ ပျာယာခတ်သွားလေ၏။ သူ့မျက်လုံးများက အေးစက်၍ ကြည်လင်သန့်ရှင်းသော ဂျန်ဝုရှီ၏ မျက်လုံးများနှင့် တွေ့ဆုံလိုက်ချိန်မှာ သူ့မျက်နှာ တစ်ပြင်လုံး နီရဲသွားသည်။

ကျ...ကျနော်...ကျနော်... လှည့်ပတ်ကြည့်နေတာပါ, အရှင့်သား မင်းဇီရှုက ခေါင်းငုံ့၍ ထိန်းချုပ်မှု လွတ်ကင်းသွားသဖြင့် သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။ ညီမလေး ချူက အိပ်ရာပေါ်မှာ လဲနေတုန်းပင် ရှိသေးသည်။ သူက မိန်းကလေးများကို စိတ်ဝင်တစား ကြည့်မိရတယ်လို့။ မိုက်မိုက်ကန်းကန်းဖြင့်ပင် သူမကို သူက ငမ်းမိသည်။ သူ တကယ်ပင် အရိုက်ခံသင့်သည်။

အင်း လေ့ချန်က ဆက်နေပြီး မင်းဇီရှုနှင့် စကားပြောဖို့ စိတ်မပါသဖြင့် ဂျန်ဝုရှီကို ခေါ်ဆောင်၍ ချူလင်းယွဲ့၏ အခန်းသို့ ဦးတည်သွားလိုက်သည်။

ဆရာဝန်များ သမားတော်များက တံခါးရှေ့တွင် စုဝေး၍ ရပ်နေကြသည်။ သူတို့က လေ့ချန် ပေါ်လာတာကို မြင်ရလျှင် လန့်သွားကြသည်။ သူတို့က ချက်ချင်းပင် ခါးညွတ်၍ အရိုအသေ ပေးလိုက်ကြသည်။ တခြားသမားတော်များအား ချူလင်းယွဲ့၏ အနေအထားကို ရှင်းပြနေသော ဂျန်းယင်းလောင်က ‌လေ့ချန် ရောက်ရှိလာတာကို သတိပြုမိသွားသည်။

အရှင့်သား ရောက်ရှိလာတာကို သတိမပြုမိလို့ ကြိုဆိုနှုတ်ဆက်ဖို့ နှောင့်နှေးသွားရပါတယ်၊ အရှင့်သား ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါရစေ။ ဂျန်းယင်းလောင်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ သူက လိပ်ပြာတိုက်ပွဲအတွက် စစ်တံခွန်ကျောင်းတော်ကို တာဝန်ယူထားရသော ဆရာတစ်ယောက် ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now