၈၀၉။ တိုက်ဆိုင်မှု (၂)

169 28 0
                                    

၈၀၉။ တိုက်ဆိုင်မှု (၂)

ကျောက်ချူတို့က လေ့ချန်ကို အံ့အားသင့်စွာ ကြည့်မိသည်။ လေ့ချန်၏ အမူအရာကင်းမဲ့သော မျက်နှာနှင့် ငိုင်တွေနေသော မျက်လုံးများကြောင့်သာ မဟုတ်လျှင် လေ့ချန်က သူတို့အား အမှန်အတိုင်း မပြောချင်လို့သာဟူ၍ သူတို့ တကယ်ပင် တွေးမိကြလိမ့်မည်။

ဘာတွေ ဖြစ်နေတာလဲ၊ မြေပုံက လေ့ချန်လက်ထဲမှာ မဟုတ်ဘူးလား၊ သူ အမှန်ကိုရော ပြောနေတာ ဟုတ်ရဲ့လား ကျောက်ချူက ချက်ချင်းပင် ဂျန်ဝုရှီသို့ လှည့်ကြည့်ကာ မေးသည်။

ဂျန်ဝုရှီက ခဏလောက် တိတ်ဆိတ်စွာ နေပြီးနောက် ကြေညာချက် ထုတ်သည် သူ အမှန် ပြောနေတာ။

လေ့ချန်၏ တုံ့ပြန်ပုံကြောင့် အစပိုင်းမှာ သူမ ထူးဆန်းသလို ခံစားလိုက်ရသည်။ အိပ်မွေ့ချဆေးဝါးကို ခုခံတော်လှန်နိုင်အောင် လေ့ကျင့်ခံရသူ မဟုတ်လျှင် မေးသမျှ မဖြေဘူးဆိုတာ ဖြစ်နိုင်ဖွယ် မရှိပေ။ သို့သော် အလယ်ဘုံမှ လူများနှင့် ဆက်ဆံမှု ရှိသလောဟူ၍ သူမ မေးလိုက်ချိန်မှာ, လှုပ်ရှားရုန်းကန်နေပုံက သိသာထင်ရှားသည်။ ထိုတုံ့ပြန်ပုံက အထူးတလည် လေ့ကျင့်ခံရသူများမှာသာ ဖြစ်တတ်သည်။ သူတို့က အရေးကြီးမေးခွန်းများ အမေးခံရချိန်မှာသာ ထိုသို့ ရုန်းကန်ကြခြင်း ဖြစ်သည်။ သို့သော် နည်းတူ ဖြစ်ရပ်များ တစ်ကြိမ်မက ဖြစ်ပွားလာလျှင်တော့...

မေးမြန်းစစ်ဆေးခံရသူမှာ မေးခွန်းနှင့် ပတ်သက်သော သတင်းအချက်အလက် မရှိလျှင်, သို့မဟုတ် ၎င်းအကြောင်းကို မကြားဖူးလျှင်, အိပ်မွေ့ချခံရသူ၏ ဦးနှောက်က ရှုပ်ထွေးသွားပြီး ဖြေဆိုနိုင်လိမ့်မည် မဟုတ်သော ရလဒ်သာ ထွက်လာလိမ့်မည်။

ဂျန်ဝုရှီက ၎င်းအကြောင်းကို အစောပိုင်းမှာ တွေးထားရုံသာ ရှိသည်။ သို့သော် အခု သူမ သေချာသိသွားလေပြီ။

ထိုမြေပုံတစ်စိတ်တပိုင်းက လေ့ချန်၏ လက်ထဲမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။

အိမ်ရှေ့စံရဲ့ နန်းဆောင်မှာ အလယ်ဘုံက လူတွေကို ကြောင်နက်လေး အရင်က မထောက်လှမ်းနိုင်ခဲ့တာ မထူးဆန်းတော့ဘူးပဲ ဂျန်ဝုရှီက အသံတိုးတိုးဖြင့် ရေရွတ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now