၈၅၂။ ပြိုင်ဘက်ကင်း ပါရမီရှင် သမားတော် (၈)

96 17 0
                                    

၈၅၂။ ပြိုင်ဘက်ကင်း ပါရမီရှင် သမားတော် (၈)

ဂျန်းယင်းလောင်၏ မျက်ခုံးများ ကြုံ့တက်သွားသည်။ ဒီနှစ်အတွက် လိပ်ပြာဝိညာဉ်တိုက်ပွဲကို တာဝန်ယူထားရသော စစ်တံခွန်ကျောင်းတော်၏ ဆရာများတွင် တစ်ယောက်ဖြစ်သဖြင့်, ချူလင်းယွဲ့မှာ တစ်ခုခု တကယ် ဖြစ်သွားခဲ့လျှင် ထောင်ချီသားရဲ မြို့တော်မှ လူများကို သူ တာဝန်ယူ ဖြေရှင်းပေးနိုင်မည် မဟုတ်ပေ။ ဂျန်းယင်းလောင်က ကြိုးစားကြည့်ဖို့ စိတ်ဆုံးဖြတ်လိုက်ပြီး ဂျန်ဝုရှီ၏ လက်မောင်းကို လွှတ်ပေး၍ ဆေးပုလင်းကို ယူပြီး နန်းတွင်းသမားတော် လီထံ လာရပ်လိုက်သည်။

ချူလင်းယွဲ့ရဲ့ သေခြင်း ရှင်ခြင်းနဲ့ ပတ်သက်ပြီး မျှော်လင့်ချက် နည်းနည်းလေး ရှိရင်တောင်, ကျုပ် လက်လွှတ်ခံမှာ မဟုတ်ဘူး၊ နန်းတွင်းသမားတော်ကြီး လီကို အကူအညီ တောင်းခံပါရစေ, ဒီဆေးလုံးမှာ ဘာတွေ ပါဝင်လဲဆိုတာကို ကြည့်ရှု စစ်ဆေးပေးပါ။

နန်းတွင်းသမားတော်ကြီး လီက ဂျန်ဝုရှီကို ခဏလောက် စူးစူးရဲရဲ ကြည့်လိုက်သည်။ သူ့မျက်လုံးများက မနှစ်သက်ခြင်းများဖြင့် ပြည့်နှက်နေသည်။ သူက ပုလင်းကို ဆတ်ခနဲ ယူလိုက်ပြီး အဖုံးဖွင့်၍ နှာခေါင်းနား တေ့ပြီး နမ်းရှူလိုက်သည်။

ရနံ့သင်းသင်းလေးက သူ့နှာခေါင်းဝသို့ တို့ထိသွားသည်။ ၎င်းရနံ့ကို တစ်ချက် ရှူလိုက်ရုံဖြင့်ပင် လန်းဆန်း တက်ကြွသွားတာကို ခံစားရသည်။

နန်းတွင်းသမားတော်လီ၏ မျက်လုံးများ လင်းလက်သွားပြီး သူက ဆေးပုလင်းကို တခြားသမားတော်များအား လက်လွှဲပေးလိုက်သည်။ ၎င်းဆေးကို စေ့စေ့စပ်စပ် စစ်ဆေးဖို့ ဖြစ်သည်။

ဆေးက ဘယ်လိုလဲ ဂျန်းယင်းလောင်က မေးလိုက်သည်။

နန်းတွင်းသမားတော်လီက ဂျန်ဝုရှီကို ဖျတ်ခနဲ ကြည့်၍ အေးစက်စက် ရယ်လိုက်သည်။

ငါက ဘာများ ပါဝင်သလဲလို့ တွေးနေတာ၊ ဒါက နှလုံးပေါင်းစည်းဆေးလုံးလေးပါဘဲ၊ ဒီဆေးမှာ မှားယွင်းတာ ဘာမှ မပါဝင်ဘူး၊ ဒါပေမဲ့ နှလုံးပေါင်းစည်း ဆေးလုံးက ရှားပါးတဲ့ အရာ မဟုတ်ဘူး၊ ဒီဆေးကို လူတစ်ယောက်ရဲ့ ချီကို ရင့်သန်စေဖို့ ပေါင်းစည်းစေဖို့နဲ့ လူတစ်ယောက်ရဲ့ အာရုံစူးစိုက်မှုကို တိုးမြှင့်ပေးနိုင်ဖို့ သုံးစွဲတယ်၊ ကောင်မလေး, မင်းက ဒီဆေးကို မမလေးချူရဲ့ ဒဏ်ရာကို အကျိုးသက်ရောက်တဲ့ ဆေးလိုလို တကယ် ပြောရဲတယ်‌လား၊ ဒါ ရယ်စရာ ဖြစ်မနေဘူးလား၊ ဒီလို ဆေးမျိုးက ဒီမှာ ရှိတဲ့ ငါတို့ သမားတော်တွေ အားလုံးမှာ တပုံတပင်ကြီး ရှိနေတယ်၊ ဒီဆေးမျိုးက မမလေးချူရဲ့ ဒဏ်ရာကို စိမ့်ဝင်ပျံ့နှံ့စေနိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုရင်, ဘာ့ကြောင့် ဘာ့အတွက် ငါတို့အားလုံး ဒီမှာ လိုအပ်နေအုံးမှာလဲ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now