၅၅၀။ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ကျောက်တုံး-၇

394 45 0
                                    

၅၅၀။ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ကျောက်တုံး-၇

မုကွိုင်ဖန်က ချောက်နက်ထဲ မဆင်းခင်က အကြောင်းအရာကို ပြန်လည် စဉ်းစားလိုက်သည်။ သူ့စိတ်ထဲ ပေါ်လာသော မြင်ကွင်းတိုင်းက မုကွိုင်ဖန်၏ နှလုံးသားကို နက်နက်ရှိုင်းရှိုင်း လှီးဖြတ်သွားသည်။ အလွန်ရင်းနှီးသော သူ့ညီအကိုများ အားလုံး သူ့ကို တစ်ယောက်တည်း ချန်ထားရစ်ခဲ့ကြသည်။ သူ ကောင်းမွန်ဖို့ ဖြစ်လေ၏။

မုကွိုင်ဖန်တို့ ညီအကိုများက လူများ သူတို့အား ယုံယုံကြည်ကြည် အပ်နှံသော တာဝန်များကို လက်ခံ၍ အသက်မွေးကြသည်။ သူတို့က ဝိညာဉ်ကျောက်တုံးများကို စုဆောင်းဖို့ မကြာခဏ လိပ်ပြာသားရဲများကို အမဲလိုက်ကြသည်။ သူတို့ ညီအကိုများက ကုန်သည်ယဉ်တန်းကို လိုက်ပါ စောင့်ရှောက်ပေးရသည့် တာဝန်ကိုလည်း လက်ခံဆောင်ရွက်ပေးသည်။ ထို့ကြောင့်ပင် ဟဲချန်လီနှင့် ရင်းနှီးကျွမ်းဝင်နေခြင်း ဖြစ်သည်။ သူက ချန်လင်းလေလံအိမ်တော်၏ ကုန်ပစ္စည်းများကို လိုက်လံစောင့်ရှောက်ပေးရသည် မဟုတ်လော။

တစ်ရက်ကျတော့ လူတစ်ယောက် သူတို့ဆီ ရောက်လာသည်။ မိုးကောင်းကင်အဆုံး ချောက်နက်ထဲ ဆင်းပြီး‌ မြေပြင်ကို စစ်ဆေးဖို့ တောင်းဆိုသည်။ သူတို့သာ ချောက်နက်ထဲရှိ မြေပြင်တစ်ခုလုံးကို အပြည့်အဝ ဖြတ်ကျော်ပြီး မြေပုံကို အပြည့်အဝ ပုံဖော်ပေးနိုင်လျှင် ရက်ရက်ရောရော ဆုချမည်ဟူ၍လည်း ထိုလူက ကတိပေးသည်။

ထိုလူ ကတိ‌ပေးသော ဆုလဒ်က သူတို့ မိသားစုအားလုံး စိုးရိမ်ကြောင့်ကြမှု မရှိဘဲ နေနိုင်တာထက်ပင် ပိုနေသည်။

မိုးကောင်းကင်အဆုံး ချောက်နက်က အန္တရာယ်များ တင်းကျမ်းပြည့်နေကြောင်း သတင်းထွက်နေတာ ကြာပြီဖြစ်သော်လည်း, လူတချို့က ၎င်းချောက်နက်ထဲ တကယ်ပင် ရောက်ဖူးကြသည်။ လူများစွာက ၎င်းချောက်နက်၏ တည်နေရာကိုပင် မသိကြချေ။ သို့သော် ၎င်းနေရာက လျှို့ဝှက်လွန်းပြီး အန္တရာယ်များလွန်းကြောင်း အမြင်အမျိုးမျိုးကိုတော့ လူတိုင်း ကြားဖူးကြသည်။

သို့သော် ပိုက်ဆံများများရမည့် အခွင့်အရေးကို ဆုပ်ကိုင်လိုပြီး သူတို့ မိသားစုကို ပျော်ပျော်ရွှင်ရွှင် ဖြစ်အောင် ထားချင်သဖြင့် မုကွိုင်ဖန်နှင့် သူ့ညီအကိုများက သူတို့အား ယုံကြည်စွာ အပ်နှံသော ၎င်းတာဝန်ကို လက်ခံလိုက်ကြသည်။

ပါရမီရှင်သမားတော်(၂)Wo Geschichten leben. Entdecke jetzt