၇၂၅။ ရှစ်ခုမြောက် ရိုက်ချက် (၆)

250 39 1
                                    

၇၂၅။ ရှစ်ခုမြောက် ရိုက်ချက် (၆)

ဖန်ဇို့အပြောကြောင့် နင်ရူ ဟာခနဲ ဖြစ်သွားသည်။

ဒါ အမှန်ပဲ။ ဖန်သားအဖကို အလွန် ဆွဲဆောင်အားကောင်းသော ရုပ်ရည်ရှိသည်ဟူ၍ သတ်မှတ်နိုင်သည်။ သို့သော် ဖန်ချီနှင့် ဖန်ဇို၏ အသွင်အပြင်က ချောမောသော်ငြား ဖန်ဇိုမှာ သူတို့ထက် ပိုမို မြင့်မားသော ရုပ်ရည်ရှိသည်။ ရုပ်ရည်သွင်ပြင်က သူတို့နှင့် ကွဲပြားသည်။ ဖန်ဂျင် ငယ်စဉ်တုန်းက ဖန်ချီနှင့် ပိုမို တူသည်။

သို့အတွက်ကြောင့် နင်ရူက ထိုအချက်ကို သံသယဝင်ခဲ့သည်။ ဖန်ချီက ၎င်းအချက်ကို ဟာသလုပ်ခဲ့သဖြင့် သူက ဂရုမပြုဘဲ ပစ်ပယ်ထားခဲ့သည်။

နင်ရူက ဖန်ချီကို လိမ်ညာလေ့ မရှိသူအဖြစ် ‌ကောင်းကောင်း သိထားသည်။ သားအရင်းကို မွေးစားသားလုပ်ပြီး မွေးစားသားကို သားအရင်း လုပ်ခြင်းက မဖြစ်နိုင်ဖွယ် ရူးနှမ်းသော ကိစ္စဟူ၍ သူ ယုံကြည်ထားခဲ့သည်။

ထိုသို့ ပြောင်းပြန်လုပ်ရပ်ကို အရူးမှသာ လုပ်လိမ့်မည်ဟူ၍ နင်ရူ မှတ်ထင်ထားခဲ့သည်။ ထို့ကြောင့် ဖန်ချီ၏ စကားကို သူ လုံးဝ သံသယ မဝင်ခဲ့ပေ။

သို့သော် သူ မေ့နေသည့် အချက်တစ်ချက် ရှိခဲ့သည်။ သင့်လျော်မှန်ကန်သော စကားကိုသာ ပြောတတ်သည့် သူ့အကိုကြီးက အလွန် ဖြောင့်မတ်သူ ဖြစ်ကြောင်းကို သူ မေ့လျော့ခဲ့သည်။ ထူးခြားသော ဖြစ်စဉ်ကြောင့် သူက လွန်ကဲသော တစ်စုံတရာကို လုပ်ဆောင်နိုင်ခဲ့သည်။

ဖန်ဇို၏ သတိပေးချက်ကြောင့် လေညင်းကျောင်းတော်သားများ သဘောပေါက်သွားကြသည်။ ဖန်ဂျင်က တကယ့်ကို ဖန်ချီနှင့် ထပ်တူနီးပါး တူညီတာကို သူတို့ ရုတ်တရက် သိရှိသွားကြသည်။ ဖန်ဇိုက ဖန်ချီနှင့် မည်သည့် အသွင်အပြင်မှာမှ တူညီမှု မရှိချေ။

ဖန်ဇိုက ဆက်ပြောသည် အဲအချိန်တုန်းက ကျနော့် မိသားစုက ပြဿနာနွံထဲ နစ်ပြီး အသတ်ခံလိုက်ကြရတယ်၊ ကျနော့်မွေးစားအဖေနဲ့ တွေ့ပြီး သူ ကောက်ယူမွေးစားခဲ့လို့ ကျနော် ကံကောင်းခဲ့တယ်၊ ကျနော်က အားနည်းပြီး ကျန်းမာရေး ချွတ်ယွင်းခဲ့တယ်၊ ကျနော်က ကလေးဖြစ်ပြီး အားနည်းချိနဲ့လို့ အဖေက ကျနော့်ကို သနားခဲ့တယ်၊ ကျနော်သာ မွေးစားသားဖြစ်ရင် အနိုင်ကျင့်ခံရမှာကို အဖေ စိုးရိမ်ခဲ့တယ်၊ ဒါ့ကြောင့်ပဲ အဖေက သူ့သားအရင်းနဲ့ ညှိနှိုင်းပြီး ဖန်ဂျင်ကို မွေးစားသား, ကျနော့်ကိုတော့ သားအရင်းရယ်လို့ ကြေညာခဲ့တာ၊ ကျနော်က ဒါ့ကြောင့်ပဲ အေးအေးချမ်းချမ်းနဲ့ နေနိုင်ခဲ့ရတာ၊ ဒီနှစ်တွေမှာ အဖေက ကျနော့်ကို တကယ်ပဲ သားအရင်းလို ဆက်ဆံခဲ့တယ်၊ ကျနော်က အကိုကြီးရဲ့ သားအရင်းဆိုတဲ့ နေရာကို ရယူထားတာကို ကျနော့်အကိုကြီးလည်း သိနေခဲ့တာပဲ၊ ဒါပေမဲ့ အကိုကြီးက စကားတစ်ခွန်းတလေတောင် ညည်းညူခြင်း မရှိခဲ့ဘူး၊ ကျနော့်ကို အချိန်တိုင်း စောင့်ရှောက်ပေးခဲ့သေးတယ်၊ ဒီတော့ အကိုကြီးက သူနဲ့သာ ဆိုင်တဲ့ ကျောင်းအုပ်ကြီး ရာထူးကြောင့် ကျနော့်အဖေကို ဘာ့ကြောင့် သတ်ရမှာလဲ, ကျနော် နားမလည်တော့ဘူး၊ ဦးလေးနင် , ကျနော့်ကို အကြောင်းပြချက် ပေးပါလား။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now