၅၄၅။ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ကျောက်တုံး-၂

431 44 0
                                    

၅၄၅။ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ကျောက်တုံး-၂

၎င်းချောက်က လျှို့ဝှက်ဆန်းကြယ်မှုဖြင့် ဖုံးကွယ်ထားသော နေရာဖြစ်သည်။ ချောက်အတွင်းမှာ သွားလာနေသော ကာကွယ်သူအဆင့် လိပ်ပြာသားရဲများဖြင့် ပြည့်နှက်နေသည်ဟု ကောလာဟလရှိသည်။ ထိုလိုနေရာမျိုးက အောက်သို့ ဆင်း၍ ရှာဖွေချင်သူများ၏ အလိုဆန္ဒကို အလျင်အမြန် ပျက်ပြယ်စေသည်။

မိုးကောင်းကင်အဆုံးသတ် ချောက်က သွားလာရှာဖွေရန် စဉ်းစားလို့ပင် မရသော နေရာမျိုး ဖြစ်သည်။ သို့သော်...

ဒါက တချို့လူများက တစ်စုံတရာ၏ အရူးလုပ်ခြင်းကို အလွယ်တကူ ခံယူပြီး နာမည်ဆိုးသော ၎င်းချောက်နက်သို့ မဆင်းဟု မဆိုလိုပေ။

လေလံပွဲလာသူများက လေလံပစ်သူ၏ စကားများကို အနည်းလောက်တော့ ယုံကြည်သည်။

ကျောက်တုံးတစ်ပိုင်းတစ်စက မိုးကောင်းကင်အဆုံးသတ် ချောက်မှ တကယ် ထွက်‌ပေါ်လာသည်ပင် ဖြစ်စေ, ဖြတ်ပင် မဖြတ်နိုင်သော ကျောက်တုံးအပိုင်းအစကို သူတို့ အသုံးပြုနိုင်မှာ မဟုတ်ဟူ၍ ခံစားမိကြသည်။

ချန်လင်းလေလံအိမ်တော်သို့ မကြာခဏ ရောက်လာသူများက ဒီနေရာကို လိမ္မာပါးနပ်သော နေရာဟူ၍ သိထားကြသည်။ ဒီနေရာမှာ လေလံတင်ရောင်းချသော ပစ္စည်းတိုင်းက ဈေးကွက်ထက် တန်ဖိုး ပိုမို မြင့်မားကြောင်း သူတို့ သိကြသည်။ သို့သော် ဒီတစ်ကြိမ် လေလံပစ်သူက ၎င်းကျောက်တုံးနက်ကို မူရင်းအခြေခံဈေးမျှဖြင့် ရယူနိုင်ကြောင်း ချက်ချင်း ကြေညာပေးသည်။ ဒီနည်းလမ်းကို ချန်လင်းလေလံအိမ်တော်၏ လေလံတင်ရောင်းချသော သမိုင်းတောက်လျောက် တစ်ခါမျှ မကြားဖူးချေ။ အံ့ဖွယ်ဖြစ်ရပ်အနေဖြင့် မှတ်ယူနိုင်သည်။

ဒီလေလံအိမ်တော်က ဒီလို လုပ်ရခြင်းမှာ အကြောင်းနှစ်ခု ရှိနိုင်သည်။ ပထမအကြောင်းက...ကျောက်တုံးနက်က သာမန်ကျောက်တုံး အပိုင်းအစသာ ဖြစ်ပြီး လုံးဝ တန်ဖိုးမရှိပေ။ လေလံအိမ်တော်က လုပ်ကြံဇာတ်လမ်း ထွင်၍ ချက်ချင်း ပစ္စည်းထွက်သွားစေရန် လုပ်‌ဆောင်ခြင်း ဖြစ်နိုင်သည်။ ဒုတိယအကြောင်းက... လေလံပစ်သူ ပြောသည့်အတိုင်း ကျောက်တုံးနက်က အလွန်ထူးခြားနေပြီး သာမန်လူများက ၎င်းကျောက်တုံးနက်ကို မဖြတ်တောက်နိုင်သဖြင့် ကျောက်တုံးနက်၏ တကယ့်အစစ်အမှန် တန်ဖိုးကို သေချာ မသိနိုင်ခြင်း ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Tempat cerita menjadi hidup. Temukan sekarang