၆၆၅။ ချောက်နက်အောက်ခြေမှာ (၃)

309 31 0
                                    

၆၆၅။ ချောက်နက်အောက်ခြေမှာ (၃)

အားလုံး ဆေးလုံးများ မျိုချပြီးနောက် ဂျန်ဝုရှီက ချက်ချင်း မလှုပ်ရှားသေးပေ။

ကြောက်နက်လေး

ဂျန်ဝုရှီက ကြောင်နက်လေးကို ဆင့်ခေါ်လိုက်သည်။ ကြောက်နက်လေး ပေါ်လာပြီးနောက် အနက်ရောင်သားရဲကြီးအသွင်သို့ ပြောင်းလဲလိုက်သည်။ ကြောင်နက်လေးက ချက်ချင်းပင် သူ၏ အမွှေးပွကိုယ်ဖြင့် ဂျန်ဝုရှီအား ရစ်ခွေပေးသည်။ အမြီးဖြင့် သူမအား ပတ်ပေးသည်။ ဂျန်ဝုရှီ၏ ခန္ဓာကိုယ်မှ အအေးဓာတ်က အနည်းငယ် ပြေပျောက်ပြီး အနွေးဓာတ် ပျံ့နှံ့လာသည်။

နင်တို့လည်း ဒီကို လာကြလေ။ အနက်ရောင်သားရဲကြီးနှင့် ပူးကပ်မိသည်နှင့် ဂျန်ဝုရှီက သူမကိုယ်တွင် ကပ်နေသော ရေခဲလွှာများအား ခါထုတ်နိုင်သွားသည်။ အနက်ရောင်သားရဲကြီး၏ နွေးထွေးသော အမွှေးများအောက်တွင် သူမ၏ ခြေဆံလက်ဆံများ တဖြည်းဖြည်း အလုပ်လုပ်လာသည်။

ကျောက်ချူတို့က ဂျန်ဝုရှီ၏ အလိုဆန္ဒကို ချက်ချင်း နားလည်သွားကြ၍ သူတို့လည်း အနက်ရောင်သားရဲကြီး၏ နွေးထွေးသော အမွှေးများအောက်သို့ တိုးဝင်လာကြသည်။ ကျောက်ချူလည်း ရိုလီကို ဆင့်ခေါ်လိုက်သည်။ ထူထဲသော အမွှေးများရှိသော ရိုလီက သူ့လက်မောင်းများကို ဆန့်တန်း၍ အနက်ရောင်သားရဲကြီးနှင့် အတူတူ သူတို့ကို ပွေ့ဖက်ပေးလာသည်။

အေးစက်စက် လေထုကြားမှာ အအေးဓာတ်ကို ခုခံဖို့ သူတို့ ဝိညာဉ်စွမ်းအားများကို အဆက်မပြတ် ထုတ်သုံးနေရသဖြင့် သူတို့ အင်အားများကို ပြန်လည် မဖြည့်ဆည်းနိုင်ခဲ့ကြချေ။ သူတို့ ဝတ်ဆင်ထားသော ကုတ်အင်္ကျီများမှာ ရေခဲအလွှာများပင် ကပ်ညိနေခဲ့သည်။ သူတို့ခန္ဓာကိုယ်များက အပူဓာတ်ကို ထိန်းသိမ်းဖို့ပင် ခက်ခဲခဲ့ကြသည်။

သူတို့ ပတ်လည်မှာ အနက်ရောင်သားရဲကြီးနှင့် ရိုလီ ရှိနေသဖြင့် နောက်ဆုံးတွင် သူတို့ ခန္ဓာကိုယ်များမှ ဝိညာဉ်စွမ်းအား အကာအရံကို ထုတ်လွှင့်ဖို့ သူတို့ တတ်နိုင်သွားကြသည်။ နူးညံ့၍ နွေးထွေးသော အမွှေးပွပွများကြားတွင် သူတို့ သက်သောင့်သက်သာ အနားယူနိုင်သွားကြသည်။ သူတို့ ဆုံးရှုံးသွားသော အင်အားနှင့် ဝိညာဉ်စွမ်းအားများကို ပြန်လည် ဖြည့်တင်းကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now