၈၆၄။ သားရဲမြို့တော်မှ ဧည့်သည်များ (၃)

75 7 0
                                    

၈၆၄။ သားရဲမြို့တော်မှ ဧည့်သည်များ (၃)

သူက ဧည့်သည်များ အားလုံးကို အထဲသို့ ဖိတ်ခေါ်ရန် ပြင်ဆင်နေစဉ် ထိုအချိန်မှာ အလွန်အကျွမ်းတဝင်ရှိသော မြင်းဆွဲရထားလုံးက တံခါးမရှေ့တွင် ရပ်တန့်သွားသည်။

လေ့ချန်က ရထားလုံးမှ ထွက်လာသည်။ ထို့နောက် ဂျန်ဝုရှီ၏ ပုံရိပ်သည်လည်း လူတိုင်းရှေ့မှာ ထွက်ပေါ်လာသည်။ ထောင်ချီသားရဲမြို့တော်မှ လူငယ်က ဂျန်ဝုရှီ၏ မျက်နှာကို တွေ့မြင်လိုက်လျှင် အထိန်းအကွပ်မဲ့ မျက်လုံးများ ပြူးကျယ်သွားလေ၏။

အရှင့်သား အိမ်ရှေ့စံ.... ဂျန်းယင်းလောင်က ရုတ်တရက် ပေါ်လာသော လေ့ချန်ကို ထူးဆန်သလို ကြည့်လိုက်သည်။ သူ့အကြည့် ဂျန်ဝုရှီသို့ ရောက်ရှိသွားချိန်မှာ သူ မျက်မှောင်ကြုတ်မိသွားသည်။

ဆရာဂျန်း လေ့ချန်က ဂျန်းယင်းလောင်ကို ခေါင်းညိတ်ပြလိုက်သည်။ ထို့‌နောက် သူက ထောင်ချီသားရဲမြို့တော် ပိုင်ဆိုင်သော ရထားလုံးများ ဘေးတစ်ဖက်မှာ ရပ်တန့်ထားတာကို ရုတ်တရက် သတိပြုမိဟန်ဖြင့် တံခါးပေါက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် ထိုနေရာမှာ ရပ်နေသော အရပ်မြင့်မြင့် တုပ်တုပ်ခိုင်ခိုင် ပုံရိပ်ကြီးကို တွေ့မြင်လိုက်သည်။

ဒါ ထောင်ချီသားရဲ မြို့တော် မီးလျှံခန်းမသခင်မို့လား လေ့ချန်က အကြီးကျယ် အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။

ရှုံးဘက ဒေါသကြီးသူ ဖြစ်ကောင်းဖြစ်နိုင်၏။ သို့သော် သူကား အရူးမဟုတ်ချေ။ အခု ရောက်ရှိလာသူကို ဂျန်းယင်းလောင်က အရှင့်သား အိမ်ရှေ့စံဟူ၍ ခေါ်သံကြားရသဖြင့် တဖက်လူ၏ မူရင်းဇာစ်မြစ်ကို သူ သတိပြုမိသည်။ သို့သော် ချူလင်းယွဲ့က ရန်တိုင်းပြည်၏ ဘုရင့်နေပြည်တော်တွင် ဒဏ်ရာအပြင်းအထန် ရတာဖြစ်သဖြင့် ရှုံးဘက လေ့ချန်အပေါ် များများစားစား ယဉ်ကျေးပြမနေပေ။

ဟုတ်တယ် ရှုံးဘက တုံးတိတိ ပြန်ပြောသည်။

ခန်းမသခင် ရှုံး ခရီးအဝေးကြီးကနေ လာခဲ့ရတာပဲ၊ ပြီးတော့ ရန်တိုင်းပြည်ရဲ့ အရေးကြီးဧည့်သည်လည်း ဟုတ်တယ်၊ ခန်းမသခင် ရှုံးက ချူလင်းယွဲ့ရဲ့ အခြေအနေကို စိုးရိမ်တကြီး စစ်ဆေးချင်နေတယ်ဆိုတာ သိပါတယ်၊ ဒီတော့ ချူလင်းယွဲ့ကို ကြည့်ရှုဖို့ ခန်းမသခင်ရှုံးကို အချိန်မဆွဲတော့ပါဘူး၊ ငါ ဒီကို လာတာလည်း ခန်းမသခင်ရှုံးနဲ့ ရည်ရွယ်ချက်ချင်း အတူတူပဲမို့, အထဲကို အတူတူ သွားကြတာပေါ့ လေ့ချန်က ပြုံးလျက် ပြောသည်။ သူ့အမူအရာက နူးညံ့ပြေပြစ်သည်။ သူ့မျက်နှာက မိတ်ဆွေဆန်သော အပြုံးကို ဆင်မြန်းထားသည်။ သူ့ကို မည်သူမျှ မနှစ်သက်ဘဲ မနေနိုင်ပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now