၆၆၈။ သေမင်းနယ်မြေ (၃)

293 33 0
                                    

၆၆၈။ သေမင်းနယ်မြေ (၃)

ဒီလက်စွပ်က အလယ်ဘုံက ဖြစ်မယ်လို့ ငါ သေချာတယ်၊ ဒါပေမဲ့ နန်းတော်ဆယ့်နှစ်ခုကလားဆိုတာတော့ မသေချာဘူး ဖန်ဇိုက ပြောသည်။

ဂျန်ဝုရှီက တည်ငြိမ်စွာ ပြန်ပြောသည် နန်းတော်ဆယ့်နှစ်ခုက လွဲလို့ ဘယ်သူမှ ဒီကို လာမှာ မဟုတ်ဘူး။

အစပိုင်းမှာ နန်းတော်ဆယ့်နှစ်ခုက အမှောင်ဘုရင်ကြီး၏ ရတနာများကို လုယူဖို့ လှို့ဝှက်သိုသိပ်စွာ လာရောက်စူးစမ်းကြသည်။ သူတို့က အန္တရာယ်ကြီးမားမှန်း အလိုအလျောက် သိထားကြသည်။ သူတို့က ကိုယ်တိုင် ပြစ်မှု ကျူးလွန်ဖို့ မဝံ့ရဲကြချေ။ အမှောင်ဘုရင်ကြီး၏ အုတ်ဂူက အောက်ဘုံရှိ မိုးကောင်းကင်အဆုံး ချောက်နက်အောက်ခြေမှာ ရှိနေတာကို သူတို့ သိထားကြောင်း မထုတ်ဖော်ရဲကြချေ။

ဒီနေရာမှာ သေဆုံးသွားသူများ အားလုံးက နန်းတော်ဆယ့်နှစ်ခုက ပို့လွှတ်လိုက်သော လူများသာ ဖြစ်ကြသည်။

အဲတုန်းက နန်းတော်ဆယ့်နှစ်ခုကနေ ဒီကို ပို့လွှတ်လိုက်သူ အားလုံးက ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်တွေချည်းပဲ၊ ကံမကောင်းတာက အဲသလောက် အရည်အချင်း ရှိနေကြပေမဲ့ သူတို့လည်း ဒီမသေချာ မရောရာတဲ့ အန္တရာယ်တွေကနေ မလွတ်မြောက်နိုင်ခဲ့ကြဘူး၊ သူတို့ အသက်တွေ ချန်ထားခဲ့ကြရတယ် ဖန်ဇိုက ပြောသည်။ သူ့နှုတ်ခမ်းများက ပြုံးယောင်ယောင် ဖြစ်နေသည်။ သူက လက်စွပ်ရှိ လက်မှုပညာကို စူးစူးစိုက်စိုက် လေ့လာဆန်းစစ်လျက် ရှိသည်။

ထိုအချိန်တုန်းက သူ့မိဘများက အဆုံးမရှိသော အတားအဆီးနှင့် အန္တရာယ်များကို ကျော်လွှားနိုင်ခဲ့ကြသည်။ နောက်ဆုံးတွင် အမှောင်ဘုရင်ကြီး၏ အုတ်ဂူတည်ရှိသော နေရာကို ရှာတွေ့ခဲ့ကြသည်။ အမှောင်ဘုရင်ကြီး၏ အုတ်ဂူကို ရှာတွေ့ခြင်းက ထိုစဉ်တုန်းက သူတို့ အမျှော်လင့်ဆုံးသော အရာဖြစ်ခဲ့ပြီး အံ့ဩဖွယ် ရှာဖွေတွေ့ရှိမှု ဖြစ်ခဲ့သည်။ သို့သော်လည်း သူတို့၏ ကံကြမ္မာကို တံဆိပ်ခတ်နှိပ်ပြီးသားလည်း ဖြစ်သွားရသည်။ အဆုံးသတ်မှာတော့ သူတို့ ဝမ်းနည်းကြေကွဲစွာ သေဆုံးခဲ့ကြရသည်။

ပါရမီရှင်သမားတော်(၂)Dove le storie prendono vita. Scoprilo ora