၅၄၃။ ချန်လင်းမြို့ - ၆

437 49 0
                                    

၅၄၃။ ချန်လင်းမြို့ - ၆

ဖန်ဇိုက အားပါးတရပြုံး၍ ပြန်ပြောသည် ငါ နည်းနည်းပါးပါး တတ်တယ်။

ဒါဆို ဒီကိစ္စအားလုံးကို မင်းအတွက် ချန်ထားလိုက်တော့မယ်။ နောက်ထပ် စကားတစ်ခွန်းမျှ မပြောတော့ဘဲ ကျောက်ချူက သူ့အတွက် ခွဲဝေထားသော ဝိညာဉ်ကျောက်တုံးကို ဖန်ဇိုအား လွှဲပေးသည်။

ဖန်ဇို အံ့အားသင့်သွားသည်။ ကျောက်ချူတို့က သူ့အား သေချာအောင် နည်းနည်း ထပ်မေးပြီးမှ ဝိညာဉ်လက်စွပ်များကို ဖန်တီးရန် သူ့အား တာဝန်ပေးမည်ဟု သူ ထင်ထားမိသည်။ ဝိညာဉ်လက်စွပ် ဖန်တီးသူက လျှို့ဝှက်ကြံစည်ချက်ရှိပြီး ဝိညာဉ်လက်စွပ် ဖန်တီးနေစဉ်အတွင်းမှာ လှည့်ကွက် ထည့်ထားလျှင်, သူတို့၏ လက်စွပ်ဝိညာဉ်ကို အကြီးအကျယ် ထိခိုက်စေမှာ ဖြစ်သည်။ သို့သော် ကျောက်ချူတို့အုပ်စုက သူ လုပ်နိုင် မလုပ်နိုင်သာ မေးပြီး အရေးကြီး ကိစ္စကို သူ့အား အပြည့်အဝ စိတ်ချယုံကြည်စွာ လွှဲအပ်လိုက်ကြသည်။ ဒါက ဖန်ဇို မျှော်လင့်ထားသည်ထက် ပိုလွန်နေသည်။

ချက်ချင်းပင် ဟွာယောင်းတို့ကလည်း တစ်ယောက်ပြီး တစ်ယောက် သူတို့၏ ဝိညာဉ်ကျောက်တုံးကို သူ့အား လွှဲပေးကြသည်။ တွန့်ဆုတ်ခြင်း အလျဉ်းမရှိကြချေ။

ရှီလေး ဆုံးဖြတ်ထားတဲ့ လူကို ငါတို့ ယုံကြည်တယ်။ ကျောက်ချူက ရယ်လျက် ပြောသည်။

သူတို့၏ အသေးလေးက အလွန်အမင်း ထက်မြက်ပြီး ဉာဏ်လျင်သူ ဖြစ်သည်။ ဒီလူကို သူမ မယုံကြည်လျှင်, သူ့ကို ခေါ်၍ ခရီးအတူတူ ထွက်လာမည် မဟုတ်ပေ။

ဖန်ဇိုက ရယ်သည်။ ၎င်းရယ်ခြင်းက သူ့မျက်လုံးထဲမှာ တောက်ပလျက် ရှိသည်။

မင်းတို့ ကောင်တွေကို ငါ စိတ်မပျက်စေရပါဘူး၊ ဒါပေမဲ့ မင်းတို့ ဝိညာဉ်လက်စွပ်တွေကို ဖန်တီးဖို့ ပစ္စည်းတချို့ လိုသေးတယ်၊ လေလံအိမ်မှာ သင့်တော်တာ တစ်ခုခု တွေ့နိုင်ကောင်းပါရဲ့။ ဖန်ဇိုက အများကြီး ရှင်းမပြလိုပေ။ သူ့အား တွန့်ဆုတ်ခြင်း မရှိ ယုံကြည်ခြင်းကပင် သူ့အတွက် ဆုလဒ်ဖြစ်ပြီး သူတို့ အတွက် အကောင်းဆုံး ဖြစ်အောင် လုပ်ပေးချင်စိတ်သာ ရှိတော့သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now