၇၃၀။ ရှစ်ခု‌မြောက် ရိုက်ချက် (၁၁)

281 42 1
                                    

၇၃၀။ ရှစ်ခု‌မြောက် ရိုက်ချက် (၁၁)

ဖန်ဂျင်က နင်ရူ စိုးရိမ်ပူပန်နေသော အကြောင်းအရာ မှန်သမျှကို ပြောဆိုတိုင်း သူ့မှာ ပြေးစရာ နေရာ မရှိတော့ပေ။ လေညင်းကျောင်းတော်ရှိ တပည့်တိုင်း ဆရာတိုင်းက နင်ရူအား မယုံကြည်နိုင်သော အထင်သေးသော အကြည့်များဖြင့် ကြည့်နေကြသည်။ ဒါက ဖန်ဂျင်၏ စကားများကို သူတို့ စတင်၍ ယုံကြည်လာပြီဆိုတာ သိသာထင်ရှားစေသည်။

တကယ်တော့ ဖန်ဇိုက ဖန်ဂျင်၏ မူလဇာစ်မြစ်အမှန်ကို ဖော်ထုတ်ပြကတည်းက ကျောင်းအုပ်ကြီးရာထူးကို အာသာငမ်းငမ်း လိုချင်သောကြောင့် ဖန်ချီကို ဖန်ဂျင် သတ်သည်ဟူသော အကြောင်းပြချက်က အဆုံးသတ်သွားပြီ ဖြစ်သည်။

ထို့ပြင် ဖန်ဂျင်၏ ထက်မြိ၍ စူးရှသော အဖြစ်အပျက်များကို ရှင်းလင်းပြချက်က ဖန်ဂျင်က ဖန်ချီကို သတ်ဖြတ်ဖို့ စီမံမည်ဆိုလျှင်တောင် သူ့ကိုယ်သူ လွယ်လွယ်ကူကူ အဖမ်းခံရသော အနေအထားကို ဖန်တီးမည် မဟုတ်ကြောင်း တခြားသူများကို သိမြင်သွားစေသည်။

သူတို့က သားအဖများ ဖြစ်ကြပြီး ဖန်ဂျင်က အမြဲတမ်း ဖန်ချီနှင့် ရင်းနှီးချက်ချာသည်။ ၎င်းအချက်ကပင် ဖန်ချီအား ဖန်ဂျင် သတ်ဖြတ်ပစ်ခြင်းက မည်သို့ အကြောင်းပြပြ အကြောင်းပြကောင်း ဖြစ်မလာပေ။

နင်ရူက တခြားတစ်ဖက်မှာတော့.....

နင်ရှင်း၏ ရှေးဦးစွာ ကြမ္မာငင်ခြင်းက သာမန် အသိမျိုးသာ ဖြစ်ပြီး တရားမျှတမှုအတွက် ကိုယ့်သမီးကိုပင် စွန့်လွှတ်ရဲသည်ဟူ၍ နင်ရူအား ချီးမွမ်းစရာ ဖြစ်စေခဲ့သည်။ သို့သော် အခု နင်ရူက ထိုစဉ်တုန်းက တခြားရွေးချယ်စရာ မရှိခဲ့ပုံကို ပြသသွားသည်။

စူးရှလွန်းသော အကြည့်များကြောင့် နင်ရူ ချွေးများ စိုရွှဲလာသည်။ သူ့ဘေးမှာ ရပ်နေသော ဂုန်ချန်းလီလည်း နင်ရူကို ကြည့်လျက် စိုးရိမ်ပူပန်လာသဖြင့် သေမတတ် ဖြူရော်လာသည်။ ထိုနေ့မှာ ဖန်ဂျင်က မည်မျှလောက် မှတ်မိသလဲဟူ၍ သူ ပြန်တွေးနေမိသည်။ ဖန်ဂျင် မှတ်မိသည်ဖြစ်စေ, မမှတ်မိသည် ဖြစ်စေ, သူက နင်ရူနှင့် အလိုတူ အလိုပါပင် ဖြစ်သည်မဟုတ်လော.....

ပါရမီရှင်သမားတော်(၂)Where stories live. Discover now