၂၈၇။ "ပဉ္စမရိုက်ချက် - ၉"

783 66 0
                                    

၂၈၇။ “ပဉ္စမရိုက်ချက် - ၉”

အစောပိုင်းမှာ, ကောင်စုတ်လေး ပစ်လိုက်သည့် အပ်များက ရိုးရိုး ငွေအပ်များသာ ဖြစ်သည်။ မည်သည့် အဆိပ်မျှ ပါဝင်မနေပေ။ ထိုလို အသုံးမကျသည့် အပ်များက အသက်သွေးကြောနေရာကို မထိုးဖောက် မဝင်‌ရောက်သရွေ့, သူ့အား ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။

ခဲချန်ဂျုက ဂျန်ဝုရှီ၏ အပ်များ အားလုံးကို ရှောင်နိုင်ဖို့ စိတ်ချယုံကြည်မှု မရှိပေ။ သို့သော် အသက်သွေးကြောနေရာကို မထိမှန်အောင်တော့ သူ ရှောင်နိုင်မည်လို့ တွက်ဆထားသည်။

ကောင်လေးက အဆိပ်ကို ခံနိုင်သော်လည်း သူ့အပေါင်းအပါကတော့ ကံမကောင်းချေ။

ခဲချန်ဂျုက ဂျန်ဝုရှီနောက်ဘက်ရှိ ကျောက်ချူကို ဝေ့ဝဲကြည့်လိုက်သည်။

ကျောက်ချူက သူ့ခန္ဓာကိုယ်ကို ကာကွယ်ဖို့ ဝိညာဉ်စွမ်းအားကို ထုတ်ဖော်ထားသည်။ သို့သော် အထီးကျန်အဆိပ်ငွေ့ကို အပြည့်အဝ မကာကွယ်နိုင်ပေ။ ချောက်ချူက ရပ်နေရင်းပင် တုန်ယင်လို့လာသည်။ သူ့အရေပြားများက နီရဲတွတ်နေလေ၏။ အထီးကျန်အဆိပ်မီးခိုးငွေ့၏ သက်ရောက်မှု အရိပ်အယောင်ကို ပြသလာသည်။

မကြာခင်မှာပင်, ကျောက်ချူက နောက်ဆုံး ထွက်သက်ကို ရှိုက်ရတော့မည်။

ကြောက်မက်ဖွယ်ရာ ကောင်းသည့် အဆိပ်မှ တပါး, ခဲချန်ဂျုမှာ တိုက်ပွဲဝင် စွမ်းရည် မရှိပေ။ သန်မာသည့် ဝိညာဉ်စွမ်းအားရှင်နှင့် သူ သွားရှုပ်မိလျှင်, နောက်ဆုံး ထွက်သက်ကိုပင် ရှိုက်လိုက်ရမည် မဟုတ်ပေ။

သို့သော် သူ့ရှေ့ရှိ လူငယ်က သန်မာသည့် ဝိညာဉ်စွမ်းအားရှင် မဟုတ်ပေ။ မည်သည့် ဝိညာဉ်စွမ်းအားအဆင့်ကိုမျှ ရောက်ရှိသေးဟန် မရပေ။ သည်အသက်အရွယ်မှာ ဝိညာဉ်စွမ်းအားက နိုးထလာရုံသာ ရှိနိုင်မည်။ သူ့ဝိညာဉ်စွမ်းအားက အနီရောင်အဆင့်မှာသာ ရုန်းကန်နေရဆဲ ဖြစ်မည်။ သေးငယ်သည့် အနီရောင် အဆင့်ဝိညာဉ်စွမ်းအားရှင်က သူ့အား တကယ်တော့ မခြိမ်းခြောက်နိုင်ပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now