၄၉၂။ "ဆက်တိုက်ရိုက်ချက်၊ တတိယပုံစံ-၃"

471 51 1
                                    

၄၉၂။ ဆက်တိုက်ရိုက်ချက်၊ တတိယပုံစံ-၃

လောင်ချီနှင့် သူ့လူများ၏ နှလုံးများက ခုန်ပေါက်သွားကြ၏။ သူတို့ မတုံ့ပြန်နိုင်ခင်မှာပင်, ပုံရိပ်အချို့က သစ်ပင်များတောက်လျှောက် ချိုးဖောက်၍ ပေါ်ပေါက်လာကြသည်။

ရုပ်ရည်ချောမောသော လူငယ်အချို့က ကြီးမားလွန်းသော ဝက်ဝံ၏ ကျောပြင်တွင် ထိုင်၍ လောင်ချီနှင့် သူ့လူများကို ကျော်ဖြတ်၍ တက်သွားကြသည်။

ရိုလီ... မင့်ကျောကုန်းကို ထိန်းထား၊ အကိုဟွာ... ယန်လေး... ရောင်းရူ... မင်းတို့ လက်စွပ်ဝိညာဉ်တွေကို ဆင့်ခေါ်လိုက်ကြ ကျောက်ချူက ရိုလီ၏ ကျောကုန်းမှ ခုန်ဆင်း၍ သူ့လက်မကို ကိုက်ဖောက်လိုက်သည်။ သူက လက်မမှ သွေးများကို ညှစ်၍ သူ့နဖူးအလည်တည့်တည့် မျက်ခုံးနှစ်ခုကြားကို သုတ်လိမ်းလိုက်သည်။ တစ်ခဏအကြာတွင် သူ့ကိုယ်မှ ခရမ်းရောင် ဝိညာဉ်စွမ်းအားက ဖြာထွက်လာလေ၏။

ခရမ်းရောင် ဝိညာဉ်စွမ်းအား...

တိုက်ပွဲကွင်းပြင်ကို ကြည့်နေကြသူများ အားလုံး ရုတ်တရက် လန့်သွားကြသည်။

ခရမ်းရောင်ဝိညာဉ်စွမ်းအားရှင်က မပေါ်ပေါက်ခဲ့တာ ရာစုနှစ် တစ်ခုကျော် ကြာခဲ့ပြီ။ အခု သူတို့မျက်စိရှေ့တွင် ခရမ်းရောင်ဝိညာဉ်စွမ်းအားရှင်ကို ပက်ပင်း တွေ့ကြရသည်။ ထို့ပြင် ၎င်းစွမ်းအားရှင်က အသက် ၁၆နှစ်၊ သို့မဟုတ် ၁၇နှစ်လောက် ရှိလိမ့်မည်။

သို့သော်ငြား သူတို့ အံ့ဩလို့ မဆုံးခင်မှာပင်....

နောက်ထပ် ခရမ်းရောင်ဝိညာဉ်စွမ်းအား သုံးခုက ရှေ့ဆင့် နောက်ဆင့် ရုတ်ချည်း ပေါ်ပေါက်လာလေ၏။ နောက်ထပ် လူငယ်သုံးယောက်၏ ခန္ဓာကိုယ်မှလည်း ခရမ်းရောင်ဝိညာဉ်စွမ်းအားများ ဖြာထွက်လာကြသည်။

ခရမ်းရောင်ဝိညာဉ်စွမ်းအားရှင် လေးယောက်ပါလား။

ပြီးတော့ သူတို့အားလုံးက လူငယ်တွေချည်းပါလား။

ဒါတွေ အားလုံးက မယုံနိုင်စရာချည်းပါလား။

ထုထည်ကြီးမားသော ခေါင်းနှစ်လုံး မြွေက တဟုန်ထိုး ပေါ်ထွက်လာသည်။ ထို့နောက် ငွေဖြူရောင် ငရဲလိပ်ပြာက လေထဲတွင် တောင်ပံတဖျတ်ဖျတ်ဖြင့် ထွက်ပေါ်လာသည်။ လူဝံကြီးတစ်ကောင်လည်း ဟိန်းသံပေးလျက် ထွက်လာသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now