၆၀၈။ ၇ခုမြောက် ရိုက်ချက်-၁၅

414 46 0
                                    

၆၀၈။ ၇ခုမြောက် ရိုက်ချက်-၁၅

ဂျန်ဝုရှီက နင်ရှင်းအား အစကတည်းက သေစေချင်နေမှန်း ကြေကွဲဝမ်းနည်းဖွယ်ရာအဖြစ် ဖန်ချီ သတိပြုမိခဲ့သည်။ သို့သော် ဂျန်ဝုရှီက နင်ရှင်းကို မြန်မြန်နှင့် လွယ်လွယ် သေခွင့် မပေးခဲ့ချေ။ သူမက နင်ရှင်း၏ မာနနှင့် သိက္ခာကို တစ်စချင်း ဖဲ့ခြွေခဲ့သည်။ နင်ရှင်း သေမလိုလို ဖြစ်နေစဉ်မှာ မျှော်လင့်ချက် မျှင်းမျှင်းလေးကို ပေးထားခဲ့သည်။ ထိုမျှော်လင့်ချက် မျှင်းမျှင်းလေးဖြင့် စိတ်ချမ်းသာမယ့်အချိန်မှာမှ ဂျန်ဝုရှီက လက်စသတ် ကွယ်ပျောက်သွားစေခဲ့သည်။ သူမအသက်ကို ပြန်လည် ကယ်တင်လို့ မရအောင် အဆုံးသတ်ပစ်ခဲ့သည်။

ဒီလောက် အသက်ငယ်ငယ်ဖြင့် ဒီလိုမျိုး ကြမ်းကြုတ်ရက်စက်မှုကို ဘယ်လို ပိုင်ဆိုင်ထားသလဲ, ဖန်ချီ နားမလည်နိုင်တော့ပေ။

သို့သော် သူ သိတာ တစ်ချက်ရှိသည်။ ဒါက ကနေ့ပြီးသည့်နောက် လေညင်းကျောင်းတော်သားများ တစ်ယောက်တလေကပင် ရူလင်းစစ်တပ်ကို ဆန့်ကျင် ရန်ပြုရဲတော့မည် မဟုတ်ဆိုသော အချက် ဖြစ်သည်။

အလွန် ကြမ်းတမ်းစွာ တိုက်ခိုက်တတ်သော ဂုဏ်သတင်းကို ရူလင်းစစ်တပ် ပိုင်ဆိုင်ထားသောကြောင့် မဟုတ်ဘဲ, ဂျန်မိသားစု၏ ကြမ်းကြုတ်ရက်စက်သော, ညှာတာမှုကင်းမဲ့သော သခင်မလေးကြောင့် ဖြစ်သည်။

လေညင်းကျောင်းတော်၏ ဂိတ်ပေါက်ဝကြီး ပတ်ပတ်လည်မှာ စုဝေးရောက်ရှိလာကြသော ကျောင်းသားများ တစ်ယောက်တလေထံမှပင် အသံတစ်ချက် မကြားရတော့ပေ။ တုန်လှုပ်ချောက်ချားစရာ မြင်ကွင်းက သူတို့အား လွှမ်းမိုးသွားပြီး သူတို့အားလုံး ကြောက်လန့်ကာ မာတောင့်တောင့် ဖြစ်သွားကြလို့ ဖြစ်သည်။

မိုးကောင်းကင်ကို စော်ကားလို့ ရသည်။ မြေကြီးကို စော်ကားလို့ ရသည်..... ရူလင်းစစ်တပ်ကိုတော့ ဘယ်တော့မှ စော်ကားဖို့ မစဉ်းစားလေနှင့်....

ထိုနေ့ လေညင်းကျောင်းတော်သားများကြား အချင်းချင်း မပြောဘဲ နားလည်မှု ရသွားကြသည်။

ထို့ပြင် ကနေ့ အဖြစ်အပျက်က သူတို့ မှတ်ဉာဏ်မှာ အသေစွဲသွားခဲ့လေပြီ။ သူတို့ နောက်နောင် ဂုဏ်သိက္ခာ မြင့်မား၍ အထက်တန်းသို့ ရောက်ရှိချိန်မှာပင်, ရူလင်းစစ်တပ်နှင့် လင်းအိမ်တော်အကြောင်းကို ပြောမိချိန်တိုင်း ရှင်းမပြတတ်သော ကြောက်ရွံ့ခြင်းက သူတို့ကို စိုးမိုးနေဆဲသာ ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now