၅၄၄။ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ကျောက်တုံး-၁

436 49 0
                                    

၅၄၄။ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ကျောက်တုံး-၁

လေညင်းကျောင်းတော်နှင့် အနီးအနားမှာ တည်ရှိသော မြို့ဖြစ်သောကြောင့် ချန်လင်းလေလံအိမ်တော်၏ ဖောက်သည် အများစုက လေညင်းကျောင်းတော်သားများ ဖြစ်ကြသည်။ လေညင်းကျောင်းတော်သို့ ဝင်ခွင့်ရနိုင်သူများက အတော်အတန် အခြေခံခိုင်မာပြီးသော မိသားစုများ, သို့မဟုတ် အရေးပါအရာရောက်သော အင်အားစုများမှ ဖြစ်ကြသည်။ သာမန် လက်ဝတ်တန်ဆာများက ထိုကျောင်းသားများကို မဆွဲဆောင်နိုင်ပေ။ ထို့ကြောင့် ချန်လင်းလေလံအိမ်တော်မှာ သာမန်မဟုတ်သော ရတနာများ မချို့တဲ့ပေ။ ကုန်သည်များက အုပ်စုလိုက် ဒီလေလံအိမ်သို့ လာကြသည်။ သူတို့က ရှားပါးပြီး တန်ဖိုးကြီး ပစ္စည်းများကို ယူဆောင်လာတတ်ကြသည်။

ချန်လင်းလေလံအိမ်တော်က လေလံပွဲကို နေဝင်ဆည်းဆာကတည်းက စတင်ခဲ့သည်။ အခု ကောင်းကင်က အပြည့်အဝ မှောင်သွားပြီး လေလံပွဲက တစ်ဝက်ပင် ကျိုးသွားလေပြီ။

ဂျန်ဝုရှီနှင့် သူမအပေါင်းအသင်းများ လေလံအိမ်တော်သို့ ရောက်ရှိချိန်မှာ သူတို့က စင်ပေါ်သို့ ပစ္စည်းတစ်ခုကို သယ်ဆောင်လာပြီး အပြိုင်အဆိုင် လေလံဆွဲနေကြသည်။

လေလံအိမ်တော်၏ ဒုတိယထပ်မှာ သီးသန့်အခန်းများ ရှိကြသည်။ အခန်းအသီးသီးကို အနှောင့်အယှက် မခံလိုသော ဧည့်သည်များအတွက် အထူးတလည် ပြင်ဆင်ထားပေးသည်။ သတ်မှတ်ဈေးနှုန်းကို ပေးနိုင်သော မည်သူမဆို ၎င်းအခန်းများကို အသုံးပြုနိုင်သည်။ ဂျန်ဝုရှီက ဈေးနှုန်း ပေးချေပြီးနောက် သူတို့ ခြောက်ယောက်က ဒုတိယအထပ်သို့ တစ်ခါတည်း တက်သွားကြသည်။

အခန်းက အလွန် မကြီးမားပေ။ နံရံသုံးဘက်ကာထားပြီး ရှေ့ပိုင်းမှာ လှပသော သစ်သားထွင်း ဝရံတာ ကာထားသည်။

အစားရလွယ်ကူသော အဆာပြေစားစရာများကို စီမံပေးထားသည်။ သူတို့ ခြောက်ယောက် ထိုင်ပြီးနောက် စင်ပေါ်မှာ ပြထားသော ပစ္စည်းကို ကြည့်လိုက်ကြသည်။

ပစ္စည်းများစွာကို လေလံတင်ဖို့ ချထားသည်။ ၎င်းပစ္စည်းများက အများအားဖြင့် ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြသည်။ အနိမ့်ဆုံးအနေဖြင့် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးကိုသာ လက်ခံပြီး ထို့အောက် နိမ့်ကျပါက လေလံအိမ်က ပယ်ချသည်။

ပါရမီရှင်သမားတော်(၂)Место, где живут истории. Откройте их для себя