၃၃၁။ "ခြောက်ခုမြောက် ရိုက်ချက် - ၃"

603 46 0
                                    

၃၃၁။ “ခြောက်ခုမြောက် ရိုက်ချက် - ၃”

ဂျန်ဝုရှီက အပြုံးဖြင့် ပြောသည် “မစိုးရိမ်ပါနဲ့၊ ချင်းယန်ကလန်က လူအားလုံး သေမှာ မဟုတ်ပါဘူး, ပြီးတော့ ကျုပ်တို့က ထွက်သွားဖို့လည်း ရည်ရွယ်ချက်မရှိသေးပါဘူး။”

ချင်ယွဲ့က ဂျန်ဝုရှီကို စူးစိုက်ကြည့်သည်။ ရိုးရိုးပုံစံပေါက်နေသည့် ကောင်လေးက အလွန် မာနကြီးစွာ သူ့အား ပြောရဲတာကို သူ မယုံကြည်နိုင် ဖြစ်နေသည်။

ချင်းယန်ကလန်မှ လူအားလုံး ပျက်စီးမှာ မဟုတ်ဘူးလို့ သူ ပြောသွားတာလား၊ ပြီးတော့ သူတို့က ထွက်မပြေးဘူးတဲ့လား။

 

ကောင်လေးက ချင်းယန်ကလန်ကို အမြစ်ပြတ် သုတ်သင်ပစ်မယ်လို့ သူ့ကို ပြောနေတာလား။

“မင်းက ကိုယ့်ကိုယ်ကို တော်တော် တွက်ထားတာပဲ၊ ချင်းယန်ကလန်ကို အမြစ်ဖြုတ်မှာတဲ့လား၊ မင်းမှာ အဲလို စွမ်းရည်မျိုး ရှိနေတယ်လို့ ထင်နေတာလား” ချင်ယွဲ့က အေးစက်စွာ ရယ်သည်။

ဂျန်ဝုရှီ၏ ရန်စကားကြောင့် အကြီးအကဲအားလုံး ထရပ်လိုက်ကြသည်။ သူတို့ ခေါင်းဆောင်များကြား ဖရိုဖရဲ မည်သို့ပင် ဖြစ်နေပါစေ, အပြင်ဘက် ရန်သူနှင့် ရင်ဆိုင်လာရသည့် အချိန်မှာ ရန်သူကို အနိုင်ယူဖို့ ပေါင်းစည်းရမည်ဆိုတာကို သူတို့ နားလည်ကြသည်။

“ကောင်စုတ်‌လေး, မင်းစကားတွေကို မင်းဘာသာ ပြန်မျိုချရလိမ့်မယ်၊ မင်းတို့ သုံးယောက်လေးနဲ့ ချင်းယန်ကလန်တစ်ခုလုံးကို အမြစ်ဖြုတ်ချင်နေကြတာလား၊ ဟာသပဲ” ခေးရှောင်းက သူတို့ရှေ့ရှိ လူငယ်သုံးယောက်ကို ကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။ တုန်လှုပ်ချောက်ချားနေရာမှ ပြန်လည် တည်ငြိမ်အောင် အရင်ဆုံး လုပ်နိုင်သူက သူ ဖြစ်သည်။

အကြီးအကဲများ၏ မျက်လုံးထဲတွင် သူတို့က ခဲချန်ဂျုကို သတ်ဖြတ်နိုင်သဖြင့် သူတို့မှာ အရည်အချင်းကောင်း တချို့ ရှိနေမှန်း သူတို့ သိကြသည်။ သို့သော် သူတို့က အင်အားကြီး ချင်းယန်ကလန်၏ ခေါင်းဆောင်များနှင့် ကစားနေခြင်းဖြစ်သည်။ ဂုဏ်ယူဝင့်ကြွားလွန်းပြီး တစ်ကိုယ်ကောင်းဆန်သည့် အကြီးအကဲများက သူတို့ ကစားစရာ အရုပ်များအဖြစ် အသုံးချ ခံနိုင်မည်တဲ့လော။

ပါရမီရှင်သမားတော်(၂)Wo Geschichten leben. Entdecke jetzt