၄၁၂။ "အသရေဖျက်ခြင်း - ၄"

425 37 0
                                    

၄၁၂။ အသရေဖျက်ခြင်း - ၄

ဆရာဂူက ကနေ့ မနက်ကတည်းက ဂျန်ရှီကို ဝိညာဉ်ကုစားဌာနကနေ နှင်ထုတ်လိုက်တယ်၊ သူက ဝိညာဉ်ကုစားဌာနရဲ့ တပည့် မဟုတ်တော့ဘူး၊ အစစ်အမှန် တပည့်က လီဇီမု၊ အကိုကြီး ဖန်, လီဇီမုကို ဒီမှာ ကြည့်၊ သူက ဝိညာဉ်ကုစားဌာနရဲ့ ကျောက်စိမ်းတံဆိပ်ကို ချိတ်ဆွဲထားတယ်၊ ဆရာဂူကိုယ်တိုင် သူ့ကို ချိတ်ဆက် ခေါ်ယူလိုက်တာ။ လူငယ်များက လီဇီမုကို ရှေ့သို့ အလျင်အမြန် ဆွဲထုတ် ခေါ်ယူလာကြသည်။ လီဇီမုက တစ်ချိန်လုံး လူအုပ် နောက်ကွယ်မှာ ပုန်းခိုနေခဲ့သည်။

လီဇီမု၏ ပိန်ညော်ညော် ခန္ဓာကိုယ်က ဖန်ဂျင်နှင့် မျက်နှာချင်းဆိုင်လိုက်လျှင် ချက်ချင်းပင် ပျော့ခွေလာသည်။

လီဇီမုက ဝိညာဉ်ကုစားဌာနသို့ ဝင်ရောက်ခွင့်ရသဖြင့် ဘဝင်ခိုက်နေခဲ့သည်။ သို့သော် ဖန်ဂျင်ကို တန်းတူ မျက်နှာချင်း မဆိုင်ဝံ့ပေ။

ဖန်ဂျင်က သူ့ရှေ့မှ သတ္တိနည်းပါးပြီး ကြောက်လန့်နေသည့် လီဇီမုကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ လီဇီမု၏ အမူအရာကြောင့် ဖန်ဂျင်က လီဇီမုကို အထင်သေးမိသော်လည်း သူ့လည်ပင်းမှာ ချိတ်ဆွဲထားသည့် ကျောက်စိမ်းတံဆိပ်က ဝိညာဉ်ကုစားဌာန၏ တံဆိပ်အစစ် ဖြစ်နေသည်။

ဒီမှာ ဘာတွေ ဖြစ်ကုန်တာလဲ။

ဖန်ဂျင် အလွန်ပင် ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ တပည့်များ ကျောင်းတော်သို့ ဝင်ရောက်ခဲ့သည့် ညမတိုင်ခင်မှာ, သူ့အား ဂူလီရှန် ပြောခဲ့သည့် စကားရှိသည်။ လေညင်းကျောင်းတော်သို့ ဝင်ရောက်ခွင့်တင်သွင်းသူများတွင် သူ မျက်စိကျနေသူ တစ်ယောက်ရှိပြီး သူ့ကို တိုက်ရိုက်ဝင်ခွင့်ပေးထားကာ သူ့နာမည်က ဂျန်ရှီဖြစ်ကြောင်းကို သူ့အား ပြောပြထားသည်။ လီဇီမုဟူသည့် စကားလုံး တစ်လုံးမျှ မပါဝင်ခဲ့ပေ။

ဂျန်ရှီ ဝတ်နေဆဲ ဝတ်စုံသည်ပင် သူကိုယ်တိုင် ရွေးချယ်ပေးခဲ့သည့် ဝတ်စုံ ဖြစ်နေသည်။ ထို့ပြင် ဝိညာဉ်ကုစားဌာန၏ ကျောက်စိမ်းတံဆိပ်ပြားကိုလည်း သူကိုယ်တိုင် ပေးအပ်ခဲ့သည်။

ဒါက နေ့တစ်ဝက်သာ ရှိသေးသည် မဟုတ်လော။ မည်သို့ မည်ပုံ ဒီလို ကိစ္စမျိုး ဖြစ်ပေါ်လာရသနည်း။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now