၄၅၅။ "အဆက်မပြတ်ရိုက်ချက်၊ ပထမပုံစံ-၂"

478 43 0
                                    

၄၅၅။ အဆက်မပြတ်ရိုက်ချက်၊ ပထမပုံစံ-၂

လီဇီမုက သူ့အသင်းဖော်များအား ဖြေပေးဖို့ ငြင်းဆဲနေဆဲမှာပင် လူရိပ်အချို့က သူတို့ အပေါ်ဘက်မှ မြေပြင်ပေါ်သို့ ခုန်ဆင်းလာတာကို သူတို့ တွေ့လိုက်ကြရသည်။

ရုတ်တရက်ပေါ်လာသော ထိုလူရိပ်များကြောင့် ပင်ပန်းနေကြသော လူငယ်များ ထိတ်လန့်သွားကြသည်။

သို့သော် သူတို့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်မှာတော့ အလန့်တကြားဖြစ်သွားသော သူတို့နှလုံးသားများ ငြိမ်သက်၍ ပုံမှန်ပြန်ဖြစ်သွားကြသည်။

ထိုလူရိပ်များက လေညင်းကျောင်းတော်ဌာနခွဲ၏ ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သူတို့အောက် နိမ့်ကျသော ဌာနခွဲမှ ဖြစ်တာကို သူတို့ မြင်လိုက်ရချိန်မှာ သူတို့ မျက်နှာများက ချက်ချင်းပင် ရှုံ့မဲ့သွားကြသည်။

သို့သော် ခဏအကြာတွင် နောက်ထပ် ခုန်ဆင်းလာသော လူရိပ်နှစ်ခုကြောင့် ထိုလူငယ်များ အလွန် အံ့အားသင့်ကုန်သည်။

ဂျန်ဝုရှီနှင့် ဖန်ဂျင်တို့ မြေပြင်ပေါ်သို့ ခုန်ဆင်းလာလျှင် မြေပြင်ပေါ်မှာ ထိုင်နေဆဲဖြစ်သော လီဇီမုက ချက်ချင်း ခုန်ထလာသည်။ သူက ဂျန်ဝုရှီကို သေချာကြည့်လျှင် အဝတ်အစားများ သန့်ရှင်းနေပြီး မည်သည့် အစက်အပြောက်မျှ စွန်းထင်းနေတာကို မတွေ့ရဘဲ ဖန်ဂျင်က ဂျန်ဝုရှီနောက်တွင် ကာကွယ်ရန် အဆင်သင့်ရှိနေတာကို တွေ့လိုက်ရသည်။ ထိုစဉ် သူ့စိတ်မှာ မနာလိုခြင်းများ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။

ဖန်ဂျင် တကယ်ကာကွယ်ပေးထိုက်သူက သူသာ ဖြစ်သင့်သည်ဟူ၍ သူ ခံစားလာရပြီး ဘာ့ကြောင့် လိပ်ပြာတိုက်ပွဲမှာ စတုတ္ထအဆင့်ချိတ်ခဲ့သော ဖန်ဂျင်က ဂျန်ရှီကို ဒီလောက် ကာကွယ်ရမှာလဲ။

ဒီလိုမျိုး လီဇီမု အရင်က ခံစားချက် မဖြစ်ပေါ်ဖူးပေ။ သို့သော် သူနှင့် သူ့အဖွဲ့ကို ခွေးအတစ်ဖွဲ့က တစ်ညလုံး လိုက်လံတိုက်ခိုက်ခဲ့ပြီး သူတို့ ဒဏ်ရာများစွာ ရရှိခဲ့ကြသည်။ သူက အခုထိ ခေါင်းငုံ့ခံနေရပြီး ဒီတစ်ချိန်လုံး သူ့အဖွဲ့ကို ဖားယားနေခဲ့ရသည်။ သို့သော် ဂျန်ရှီကတော့... သူက လုံခြုံစိတ်ချနေဆဲပင် ဖြစ်ပြီး ဖန်ဂျင်က တောက်လျှောက် ကာကွယ်ပေးနေသဖြင့် ပွန်းရာခြစ်ရာပင် မရှိချေ။ သူ့အင်္ကျီများမှာ တွန့်ကျေရာပင် မရှိပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now