၄၁၅။ "အသေရဖျက်ခြင်း - ၇"

446 41 1
                                    

၄၁၅။ အသေရဖျက်ခြင်း - ၇

ယင်ယန်၏ မတရားမှုအတွက် ကာကွယ်ပေးသော စကားလုံးများက လီဇီမုအား တုန်လှုပ်စေသည်။ ကနေ့ အစောပိုင်းတွင် လီဇီမု ဝိညာဉ်ကုစားဌာနသို့ သွားခဲ့ချိန်မှာ ယင်ယန်နှင့် သူ တွေ့ခဲ့သည်။ သို့သော် အကိုကြီး ယင်ယန်က သူ့အား ဖော်ရွေပျူငှာမှုကို အနည်းငယ်မျှ မပြသခဲ့ပေ။ သို့အတွက် ဝိညာဉ်ကုစားဌာန၏ တပည့်တစ်ယောက်အနေဖြင့် ဂျန်ရှီအား ဆန့်ကျင်ဘက်လုပ်ရန် ယင်ယန် ရှေ့ထွက်လာလိမ့်မည်ဟူ၍ သူ လုံးဝ ထင်မထားပေ။

သို့သော် ယင်ယန့်စကားအသွားအလာအရ လီဇီမု၏ တဖက်သတ်စကားကို ယင်ယန် ယုံကြည်နေကြောင်း သိသာထင်ရှားသည်။ ထိုအရာက လီဇီမုအား သူ့ကိုယ်သူ ယုံကြည်ချက် အကြီးအကျယ် တိုးမြင့်သွားစေသည်။

ထိုယုံကြည်မှု အင်အားဖြင့် လီဇီမုက ယင်ယန့်စကားအသွားအတိုင်း လိုက်ပြောသည် တကယ်တော့ ကျနော်လည်း ဒီကိစ္စမှာ ဂျန်ရှီနဲ့ ပြဿနာ မဖြစ်ချင်ပါဘူး၊ နည်းနည်းပါးပါး တောင်းပန်တာလေးကိုပဲ လိုချင်တာပါ၊ သူ့အမှား သူ သတိပြုမိရင် ကျနော်က သူ့ကို ကိုယ့်သူငယ်ချင်း အပေါင်းအသင်းလို သဘောထားမှာပဲ ဖြစ်ပြီး ဒီကိစ္စရပ်တစ်ခုလုံးကို မေ့ပျောက်ပစ်မှာပါ။

လီဇီမုနှင့် ယင်ယန် နှစ်ယောက်ပေါင်း စကားက နားထောင်နေသော တပည့်များကို ဂျန်ရှီအား ရွံစရာကောင်းသူ, ပြုပြင်မရသူအနေဖြင့် ရှူမြင်သွားစေ၍ ဂျန်ဝုရှီ၏ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာကို စွန်းထင်းသွားစေတော့သည်။

ဖန်ဂျင် အတော် ဒေါသထွက်သွားသည်။

သို့သော် ဂျန်ဝုရှီက ယင်ယန်နှင့် လီဇီမုကို အေးစက်စက် စူးစူးရဲရဲသာ ကြည့်လိုက်သည်။

ညောင်...

(သခင်မလေး... ဒီနှစ်ကောင်က အကြံတူ ဉာဏ်တူတွေပဲ၊ သူတို့ ပူးပေါင်းပြီး နင့်နာမည် ပျက်အောင် လုပ်နေတာ၊ သူတို့ နှစ်ယောက်လုံးကို ငါ တစ်ချက်လောက် ကိုက်ပစ်လိုက်ရမလား။)

ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာသော ကြောင်နက်လေးက သူ့အစွယ်များကို လှစ်ဟလျက် ခန္ဓာကိုယ်လေ့ကျင့်ခန်း လုပ်ဖို့ စိတ်အား ထက်သန်နေသည်။ ဖန်ဂျင်သာ ပေါ်ထွက်မလာခဲ့လျှင် ကြောင်နက်လေးက သူ့သခင်မလေးနှင့် အတူတူ ထိုငတုံးကောင်များအား သူတို့ဖန်တီးရှင်များနှင့် တွေ့ခွင့်ရအောင် အလွယ်တကူ ပို့ဆောင်ပေးလိုက်မှာဖြစ်ပြီး ဒီလို အရည်မရ အဖတ်မရ စကားများကိုလည်း သူတို့ ကြားနေရတော့မည် မဟုတ်ပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now