၇၉၄။ လေညင်းကျောင်းတော် နောက်တစ်ကြိမ် တိုးတက်လာခြင်း(၃)

199 28 0
                                    

၇၉၄။ လေညင်းကျောင်းတော် နောက်တစ်ကြိမ် တိုးတက်လာခြင်း(၃)

ဖေးယန်နှင့် တခြားလူများလည်း ထိုင်ချလိုက်ကြသည်။ သူတို့လည်း စိတ်ညစ်နေကြပုံရသည်။

နင်တို့အားလုံး ထူးထူးကဲကဲ အောင်ပွဲရလာတယ်မို့လား ဂျန်ဝုရှီက သူတို့ဆီ ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းလာသည်။ ထာဝရအမိုးခုံး တည်းခိုအိမ်မှာ ဖြစ်ပျက်နေတာကို ကြည့်၍ ဆုံးဖြတ်ရလျှင်, ကျောက်ချူတို့က ပြိုင်ပွဲကို အလွန် ကောင်းမွန်စွာ လုပ်ဆောင်လာခဲ့မှန်း ခန့်မှန်းလို့ ရသည်။

ကုန်းမြေတစ်ခွင်ရှိ အင်အားစုအသီးသီး၏ လေညင်းကျောင်းတော်အပေါ် သူတို့အမြင်ကို နေ့တစ်ဝက်အတွင်း ပြောင်းလဲသွားစေဖို့, ကျောက်ချူတို့က သူတို့ပြိုင်ဘက်များကို လုံးလုံး ချေဖျက်အနိုင်ယူတာက လွဲလို့ တခြား ဖြစ်နိုင်ဖွယ် မရှိတော့ပေ။

ကျောက်ချူက သက်ပြင်းနက်နက် ရှိုက်လိုက်သည်။ သူ့ရင်ဘတ်မှ နံပါတ်ပြားကို ဖယ်၍ ပြုံးရယ်လျက် ပြောသည် ဒါက ထူးထူးကဲကဲ အောင်ပွဲမဟုတ်ဘူး၊ ငါတို့ ဒုတိယအကွက်ကိုတောင် မထုတ်ဖော်ရသေးဘူး, အဆုံးသတ်သွားတော့တာပဲ။

သူတို့၏ ပြိုင်ဘက်များကို သူတို့ တကယ်ပင် အရှက်ခွဲလိုသည် မဟုတ်ကြပေ။ သို့သော် သူတို့ပြိုင်ဘက်များက တကယ်ပင် အားနည်းကြသည်။ သူတို့က သူတို့၏ အရည်အချင်းများကို ပြသနိုင်စွမ်းပင် မရှိကြချေ။

ကျောက်ချူတို့ ပြိုင်ဆိုင်ရသူများက အနီရောင်ဝိညာဉ်စွမ်းအားအဆင့်, သို့မဟုတ် လိမ္မော်ရောင်ဝိညာဉ်စွမ်းအား အဆင့်များသာ ဖြစ်ကြသည်။ သူတို့၏ ဝိညာဉ်စွမ်းအားအဆင့်များ အကြားက အလွန်ပင် ကွာခြားလှသည်။ သူတို့၏ ဝိညာဉ်စွမ်းအားကို ယာယီ မြှင့်တင်စရာပင် မလိုဘဲ သူတို့ပြိုင်ဘက်များကို စက္ကန့်ဝက်အတွင်းမှာပင် နှိမ်နင်းပြီးသွားလေပြီ။

ဒါပေမဲ့ အတည်အတန့် ပြောရမယ်ဆိုရင်... အောက်ဘုံက လူတွေနဲ့ တိုက်ခိုက်ဖို့ ငါ့လက်တွေ မြှောက်ရတာ လုံးဝ ကျင့်သားမရဘူး ဖေးယန်က သူ့လက်တစ်စုံကို ကြည့်လျက် ပြောသည်။ ဖီးနစ်ကျောင်းတော်မှာတုန်းက ယန်ဘူဂွေ့က သူတို့ကို အောက်ဘုံမှ လူများကို တိုက်ခိုက်ခြင်းမှ တင်းကျပ်စွာ တားမြစ်ထားခဲ့သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now