၄၁၉။ "ဖန်ညီအကို - ၃"

418 41 1
                                    

၄၁၉။ ဖန်ညီအကို - ၃

ကြောင်နက်လေးက ဖန်ဇို့ရှေ့တွင် လာရပ်သည်။ ဖန်ဇိုက မျက်တောင်မခတ်တမ်း ကြောင်နက်လေးကို စူးစိုက် ကြည့်နေသည်။ သူ့အသက်ရှူသံက အတော်လေးကို နှေးကွေးသွားသည်။ ဖြူရော်ရော် သူ့မျက်နှာက စိုးရိမ်ခြင်း ရောစွက်နေသည်။

ဖန်ဇိုက အလွန် စိတ်လှုပ်ရှားနေသော်လည်း ကြောင်နက်လေးကို ထိပင် မထိချေ။ ထိုအခါ ကြောင်နက်လေးက သူ့ခေါင်းကို စောင်းငဲ့လိုက်သည်။ ကြောင်နက်လေးက အရင်ဆုံး လက်လျှော့ကာ သူ့လက်ဖဝါးဖြင့် စားပွဲပေါ် တင်ထားသော ဖန်ဇို၏ လက်ကို ထိလိုက်သည်။

ညောင်...

(သခင်မလေး,,, နင့်ကို လူတွေနဲ့ ဝင်ဆံ့စေချင်လို့ ငါ့ခန္ဓာကိုယ်ကိုတောင် ငါ စွန့်လွှတ်ခဲ့တယ်၊ ငါ နင့်ကို အစစ်အမှန် ချစ်တာ နင် မြင်ပြီလား။)

ကြောင်နက်လေး၏ ကြွေးကြော်ချက်ကို ကြားရလျှင် ဂျန်ဝုရှီ၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးတက်သွားသည်။

မည်သို့ပင် ဖြစ်စေ ဖန်ဇို၏ မျက်နှာအမူအရာက မှင်သက်ငေးမောသွားသည်။ သူ၏ ကြည်လင်နေသော မျက်လုံးများက တုန်လှုပ်ခြင်း လှုပ်ရှားတက်ကြွခြင်းဖြင့် ပြည့်နှက်သွားကြသည်။

သူ၏ ပုံမှန် ဖျော့တော့နေသော မျက်နှာက အနည်းငယ် ပန်းရောင်သန်းလာသည်။

........... ကြောင်နက်လေးက ဖန်ဇို၏ မျက်နှာအမူအရာကို တွေ့မြင်ရလျှင် ပြောစရာစကား ကင်းမဲ့သွားရသည်။ သူ့မျက်နှာက သတို့သမီး ရှက်သွေးဖြာနေသလိုပင်။

ကြောင်နက်လေးကို ထိတွေ့ ကိုင်တွယ်ရန် အရင်ဆုံး ပြောသူက ဖန်ဇိုသာ ဖြစ်ပြီး ကြောင်နက်လေးက သူ့ခန္ဓာကိုယ်ကို စွန့်လွှတ်အနစ်နာခံရန် အသင့်ဖြစ်နေခါကျမှ အဆုံးသတ်တွင် ဖန်ဇိုက အခွင့်အရေးအယူခံလိုက်ရသလိုလို။

ဖန်ဂျင်က သူ့ညီ၏ အမူအရာကို တွေ့မြင်၍ ပေါ့ပေါ့ပါးပါး ချောင်းဟန့်ကာ အနည်းငယ် အခက်တွေ့ဟန်ဖြင့် ဂျန်ဝုရှီကို လှည့်ပြောလာသည် ဇိုလေးက အမွေးထူ တိရစ္ဆာန်တွေနဲ့ဆို အားနည်းချက် ပေါ်သွားပြီ၊ ဒါပေမဲ့ သူ ငယ်ငယ်လေးကတည်းက တိရစ္ဆာန်တွေနဲ့ ကောင်းကောင်း တစ်ခါမှ မထိတွေ့ခဲ့ရဘူး၊ တိရစ္ဆာန်ငယ်လေးတွေက သူ့ကို သိပ် သဘောကျပုံ မရကြဘူး။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now