၅၈၈။ ရိုက်ချက်များဖြင့် ဖုံးအုပ်ခြင်း-၆

382 45 0
                                    

၅၈၈။ ရိုက်ချက်များဖြင့် ဖုံးအုပ်ခြင်း-၆

ဂူလီရှန်ကိုယ်တိုင် အသိအမှတ်ပြုထားသော တစ်ဦးတည်းသော တပည့်က တကယ်တော့ ဂျန်ရှီသာဟူ၍ သူတို့ ဘယ်တော့မှ မျှော်မှန်းမိကြမည် မဟုတ်ပေ။

ဂျန်ရှီက လေညင်းကျောင်းတော်သို့ ဝင်ရောက်သည့် ပထမနေ့မှာပင် စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသူ အနေဖြင့် တံဆိပ်ကပ်ခံထားရသော ကျောင်းသား။

ဝိညာဉ်ကုစားဌာနမှ စ၍ ဆဲရေးတိုင်းထွာခြင်းမှန်သဖြင့် နာကျင်ခံစားခဲ့ရသော ကျောင်းသား ဖြစ်သည်။

သို့သော် အခု, အဖြစ်အပျက်မှန်သမျှက စိတ်ကူးယဉ်ဆန်ဆန် ပြောင်းပြန် ဖြစ်သွားလေပြီ။ ဒါကို ကျောင်းသားများ မယုံမကြည်နိုင် ဖြစ်နေကြသည်။

ဘယ်လိုလုပ်... ဒါတွေအားလုံးက ဖြစ်နိုင်မှာတဲ့လဲ။

ဒီတစ်ချိန်လုံး, ကိုယ်တိုင်ကိုယ်ကျ လက်ရွေးစင် ရွေးချယ်ထားသူက ဂျန်ရှီသာ ဖြစ်တယ်၊ ဂျန်ရှီတစ်ယောက်တည်းပဲပေါ့၊ ဂျန်ရှီ့ကို ငါနဲ့ သင့်တော်တဲ့ တပည့်လို့ ကိုယ့်ကိုယ်ကို ထင်ခဲ့တယ်၊ ဒါပေမဲ့ မွန်းစတားဆန်တဲ့ ထူးချွန်သူကို ရှာတွေ့လိမ့်မယ်လို့ ငါ ထင်တောင် မထင်ထားမိခဲ့ဘူး၊ ဂျန်ရှီ့ကို ငါ အရမ်း သဘောကျရုံပဲ တတ်နိုင်ခဲ့တယ်၊ ဂျန်ရှီက ဝိညာဉ်ကုစားခြင်းနည်းစနစ်ကို ဆုပ်ကိုင်မိဖို့ နှစ်နာရီလောက်သာ အချိန်လိုခဲ့တယ်၊ နည်းစနစ်ကို တိုးတက်အောင် လုပ်ရမဲ့ နည်းလမ်းကိုပါ သူ အကြံပေးနိုင်ခဲ့တယ် ဂူလီရှန်က ပြောသည်။ သူ့မျက်နှာက လုံးလုံးလျားလျား ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ပြည့်နှက်နေသည်။

ဝိညာဉ်ကုစားခြင်းနည်းစနစ်က အလွန် အရေးပါတဲ့ ကိစ္စတစ်ရပ် ဖြစ်တယ်၊ နည်းစနစ်ကို တိုးတက်အောင် လုပ်ဖို့ အချိန်နဲ့ နေရာကို ဂျန်ရှီ လိုအပ်တယ်၊ သူ့ကို ထိခိုက်နာကျင်အောင် တစ်ယောက်ယောက် လုပ်မှာကိုလည်း တားမြစ်ဖို့ လိုအပ်တယ်၊ ဒါ့ကြောင့်ပဲ အဲအချိန်တုန်းက သူ့ကို ဝိညာဉ်ကုစားဌာနကနေ ယာယီ လွှတ်ပေးတာကလွဲလို့ တခြား ရွေးချယ်စရာ ငါ့မှာ မရှိခဲ့ဘူး၊ မလိုလားအပ်တဲ့ သံသယဝင်မှုတွေကို ရှောင်ရှားဖို့ တခြားလူသစ်တစ်ယောက်ကို သင့်ရာကြုံရာ ရွေးချယ်ခဲ့တယ်၊ ဂျန်ရှီရဲ့ ယာယီလပ်သွားတဲ့ နေရာကို အစားထိုး ရွေးချယ်ခဲ့တယ်၊ ဒီအပြောင်းအလွဲ မှန်သမျှ ကျောင်းအုပ်ကြီးကို ကြိုတင် အကြောင်းကြားပြီး သူ လက်ခံမှ လုပ်ဆောင်ခဲ့တယ်၊ အသစ်ရွေးချယ်ထားတဲ့ တပည့်ကိုလည်း ရှင်းရှင်းလင်းလင်း ငါ ရှင်းပြထားခဲ့တယ်၊ ဂျန်ရှီအကြောင်း ပေါ်ပေါက်သွားမှာကို ရှောင်လွှဲဖို့ ဒါက အကြီးမားဆုံးသော နားလည်မှု လွဲခြင်းဖြစ်တယ်လို့ လူတိုင်းကို ပြောကြားထားခဲ့တယ်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now