၆၅၆။ တန်ဖိုး ပေးဆပ်ရခြင်း (၃)

328 35 0
                                    

၆၅၆။ တန်ဖိုး ပေးဆပ်ရခြင်း (၃)

ထိုလူများနှင့် ကိစ္စများ ဖြေရှင်းပြီးနောက် ဂျန်ဝုရှီ စခန်းချရာသို့ ပြန်လာသည်။ ကြောင်နက်လေးက သတိလစ်မေ့မြောနေသော မုကွိုင်ဖန်ကို တင်ခေါ်လာသည်။ လော့မဲ့မဲ့က ဂျန်ဝုရှီနောက် အကွာအဝေး တစ်ခုမှ လိုက်လာသည်။ သူက နောက်ဖက်မှ ခပ်သွက်သွက် လိုက်လာရင်း ဂျန်ဝုရှီ၏ ကျောဘက်ကို ကြည့်လျက် စူးစမ်းနေသည်။ ဂျန်ဝုရှီက သူ့အား တုံ့ပြန်မှု မရှိတာကို နောက်ဆုံး သတိပြုမိလျှင် ခေါင်းငိုက်စိုက်ဖြင့် နောက်ဘက်မှ တိတ်ဆိတ်စွာသာ လိုက်လာတော့သည်။ သူက ခြေလှမ်းတိုင်း စိတ်ဓာတ်ကျဆင်းလာတာကို ခံစားနေရသည်။

သူ ပထမဆုံးလူကို ဖိညှစ်ပစ်လိုက်တာက သူ့အပြစ် မဟုတ်တာကို လော့မဲ့မဲ့ ခံစားမိသည်။ လူသားတစ်ယောက်က ဒီလောက် အားနည်းချည့်နဲ့ပြီး လွယ်လွယ်လေး ဖိညှစ်လို့ ရတာကို သူ မည်သို့ သိနိုင်အံ့နည်း။ သူ ဖိညှစ်လိုက်တာက အသာအယာလေးသာ။ ထိုလူကို ညင်ညင်သာသာ ထိလိုက်ခြင်းသာ။ သို့ပါလျက် ထိုလူက ချက်ချင်း သေသွားခဲ့ရသည်။

စခန်းချရာ နေရာတွင် မီးပုံဘေးမှာ ရောင်းရူနှင့် ဖေးယန်က ပြန်ရောက်နှင့်ကြပြီ။ သူတို့ငါးယောက်က မီးပုံဘေးမှာ ဝိုင်းထိုင်လျက် စကားစမြည် ပြောဆိုနေကြသည်။

သူတို့ ခြေသံကြားရလျှင် အပြုံးဖြင့် လှည့်ကြည့်ကြသည်။ သို့သော် ဂျန်ဝုရှီက တစ်ယောက်တည်း ပြန်လာသည် မဟုတ်ဘဲ မုကွိုင်ဖန်နှင့် ပြန်လာတာကို သူတို့ ရုတ်တရက် တွေ့လိုက်ကြသည်။

မုကွိုင်ဖန်က သွေးအလိမ်းလိမ်းဖြင့် သတိလစ်မေ့မြောနေတာကို တွေ့လိုက်လျှင် သူတို့ အံ့အားသင့်သွားကြသည်။

ဘာတွေများ ဖြစ်ခဲ့ကြတာလဲ ကျောက်ချူက ချက်ချင်း ရပ်လိုက်သည်။

ဂျန်ဝုရှီက လူတစ်စုနှင့် တိုးပြီး မုကွိုင်ဖန် တိုက်ခိုက်ခံရကြောင်း မစို့မပို့ ပြောပြသည်။ ထို့နောက် သွေးပေနေသော မြေပုံကို ဟွာယောင်းအား ပစ်ပေးလိုက်သည်။

ဟွာယောင်းက မပြည့်မစုံဖြစ်နေသော ၎င်းမြေပုံကို တခြားမြေပုံများဖြင့် အတော်ကြာကြာ နှိုင်းယှဉ်ကြည့်လိုက်သည်။ ထို့နောက် သူ ပြောလာသည် ငါ မမှားဘူးဆိုရင်, ဒီမြေပုံက အမှောင်ဘုရင်ကြီးရဲ့ အုတ်ဂူကို ဦးတည်ပြထားတဲ့ မြေပုံ ရှစ်ခုထဲက တစ်ခုပဲ၊ စိတ်ပျက်စရာကောင်းတာက သွေးတွေနဲ့ ဆိုးဆိုးရွားရွား ပျက်စီးသွားတာပဲ၊ အဲလိုသာ မဟုတ်ရင် ငါတို့ နောက်ထပ် မြေပုံတစ်ခု လက်ဝယ်ပိုင်ဆိုင်ရမှာ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now