၂၀၆။ "လောင်းကြေး - ၂"

1.1K 91 1
                                    

၂၀၆။ “လောင်းကြေး - ၂”

“နင် ဘာဆိုလိုတာလဲ” မိုချင်းယွမ်၏ နှလုံးသားက ဒိန်းခနဲ ဖြစ်သွားသည်။

“ဝိညာဉ်ကျောက်စိမ်းကို ငါက ဖြစ်နိုင်သမျှ သိမ်းဆည်းထားမယ်၊ ပြီးတော့ ဘယ်သူ့ကိုမှ လက်လွှတ်မပေးဘူး၊ ငါ သူတို့အားလုံးကို သတ်ဖြတ်ချင်နေတာ အကြောင်းပြချက် ကောင်းကောင်းမရှိဘူး, ငါက ကြမ်းကြုတ်ရက်စက်တယ်လို့ နင် ထင်မနေဘူးလား၊ အဲဒီနောက် ငါတို့က ဝိညာဉ်ကျောက်စိမ်းကို လွှဲပေးဖို့ ငြင်းဆန်လာတဲ့အခါ, ငါတို့ လက်ထဲမှာ ကျောက်စိမ်း ရှိနေတာကို သူတို့ သိလာတဲ့အခါ, သူတို့ ဘာလုပ်လာမလဲ ကြည့်ကြရတာပေါ့” ဂျန်ဝုရှီက လက်ဦးမှု ရယူပြီး ကိုင်တွယ်ဖြေရှင်းချင်ခဲ့သော်လည်း အခုတော့ သူမ စိတ်ကူးကို ပြောင်းလဲလိုက်သည်။

အခြားကြောင်းပြချက်တော့ မရှိပေ။ သူမက ထူအနေသည့် မိုချင်းယွမ်ဆိုသည့် ဒိုင်းကို ထက်မြိလာအောင် လုပ်ချင်နေသည့် အကြောင်းပြချက်သာ ရှိသည်။

ခပ်နွေးနွေး ဖြစ်နေသည့် သူ့ကို ဆူပွက်လာအောင် မီးထိုးဖို့ လိုအပ်နေသည်။

ဂျန်မိသားစုက အနာဂတ်တွင် အခြားရန်သူများ, ပြဿနာများနှင့် ရင်ဆိုင်ရအုံးမည် ဖြစ်သည်။ မိုချင်းယွမ်ကို နူးညံ့သည့် နှလုံးသားဖြင့် အမြဲတမ်း ကိစ္စတိုင်းကို ရင်ဆိုင်ဖြေရှင်းနေစေဖို့ သူမ မလိုလားချေ။ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်သည့် အိပ်မက်ဆိုးများကို တားမြစ်ကာကွယ်နိုင်ဖို့ မိုချင်းယွမ်ကို ထုသားပေသားရအောင် သူမက လုပ်ဆောင်ပေးဖို့ ရွေးချယ်လိုက်ခြင်းပင် ဖြစ်သည်။

သူက ရန်သူ၏ ကြမ်းကြုတ် ရက်စက်ခြင်းကို မြင်ပြီးသည်နှင့် နူးညံ့သည့် နှလုံးသားက သူ့ကို သတ်ဖြတ်နိုင်သည်ဆိုတာကို နားလည်သွားလိမ့်မည်။

“မနက်ဖြန်ကျရင် ချင်းယန်ကလန်ကို ပြောလိုက်, ဂျန်မိသားစုရဲ့ ဝိညာဉ်ကျောက်စိမ်းတစ်ဝက်ကို မိသားစုအကြီးအကဲတွေနဲ့ အတူတူ မြှုပ်နှံထားပြီးတော့ သူတို့ တောင်းဆိုချက်ကို လက်လွှတ်ပေးဖို့ မျှော်လင့်တယ်ဆိုတာကို။” သူတို့ တုံ့ပြန်လာမည့်အရာက သူမ ထိန်းချုပ်မှုထက် ကျော်လွန်နေလိမ့်မည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now