၂၉၈။ "လိမ္မော်ရော် ဝိညာဉ်စွမ်းအား - ၂"

764 64 0
                                    

၂၉၈။ “လိမ္မော်ရော် ဝိညာဉ်စွမ်းအား - ၂”

“ဘာကို အခြေခံပြီး သူတို့ကို ရွေးချယ်သွားပါလိမ့်” အခြားလူငယ်များက မကျေမချမ်းဖြင့် ဒေါသထွက်နေကြပြီး အကြီးအကဲ ခဲသို့ ထိုအကြောင်းကို ပြေးမေးချင်နေကြသည်။ ဒီကောင်လေးနှစ်ကောင်က ငါတို့ထက် ဘယ်နေရာမှာများ သာနေကြလို့ အကြီးအကဲ ခဲက သဘောကျသွားရတာလဲ။

လူငယ်များကို ဒေါသက လွှမ်းမိုးသွားကြသည်။ သို့သော် သူတို့က အကြီးအကဲ ခဲနှင့် ရင်မဆိုင်ရဲကြချေ။ သူတို့က ကျောက်ချူနှင့် ဂျန်ဝုရှီအပေါ်မှာသာ ဒေါသဖောက်ခွဲပစ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

သို့သော် သူတို့က ကျောက်ချူ၏ ကြမ်းကြုတ်ရက်စက်ခြင်းကို တွေ့ကြုံပြီးသည်မို့ နောက်ဆုံးတွင် သူတို့က လိမ္မာပါးနပ်စွာ သေးသေးသွယ်သွယ် ဂျန်ဝုရှီကိုသာ ရွေးချယ်လိုက်ကြသည်။

ဂျန်ဝုရှီက အခန်းသို့ ပြန်လည် ရောက်ရှိလာပြီး သူမ လုပ်ဆောင်ရမည့် အစီအစဉ်ကို ချမှတ်နေစဉ်မှာပင် ဝရုန်းသုန်းကား တံခါးခေါက်သံ ထွက်လာ၍ သူမအတွေးများ ပြတ်သွားရသည်။

သူမက တံခါး ဖွင့်ပေးလိုက်သည်။ ချက်ခနဲ တံခါးပွင့်လာသည်နှင့် လူငယ်အချို့က ဒုန်းစိုင်းဝင်လာကြသည်။ သူတို့မျက်နှာက အန္တရာယ်ပေးမည့်ဟန် ဖြစ်နေသည်။

“တံခါးကို မြန်မြန် ပိတ်လိုက်။’ လူငယ်တစ်ယောက်က အရေးတကြီး ပြောသည်။

ဂျန်ဝုရှီက ဘေးတစ်ဖက်သို့ အတွန်း ခံလိုက်ရပြီး ကြမ်းတမ်းသည့် လူငယ်အုပ်စုကို မျက်မှောင်ကြုတ်ကာ ရပ်ကြည့်နေသည်။ သူမ မျက်လုံးများက အေးစက်စက် ဖြစ်လာသည်။

၇ယောက်မျှသော လူငယ်များက အခန်းကျဉ်းထဲတွင် ချက်ချင်း ပြည့်ကျပ်သွားရသည်။

ဂျန်ဝုရှီက တစ်ဖက်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။  ကျူးကျော်ဝင်ရောက်လာသည့် အတွက် သူမမျက်လုံးများက ‌ပိုမို အေးစက်လာသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now