၆၅၁။ ငါ့လူနာကို မရှုပ်နဲ့ (၃)

312 34 0
                                    

၆၅၁။ ငါ့လူနာကို မရှုပ်နဲ့ (၃)

ထိုလူများက ရူးသွပ်သွားသကဲ့သို့ ဦးတည်ရာမဲ့ ပြေးကြသည်။ ဂျန်ဝုရှီက သူတို့အား လိုက်ဖမ်းဖို့ အလျင်မလိုပေ။ သူမက ပထမဆုံး လော့မဲ့မဲ့အား သူမကို မြေပြင်ပေါ်သို့ ချခိုင်းလိုက်ပြီး ဘာမှ မဟုတ်သလို လက်ဝှေ့ယမ်းပြ၍ လော့မဲ့မဲ့အား ထိုလူများကို လိုက်ဖမ်းခိုင်းလိုက်သည်။

ငါ သူတို့ကို အသက်ရှင်လျက် လိုချင်တယ် ဂျန်ဝုရှီက လော့မဲ့မဲ့အား အေးစက်စွာ သတိပေးလိုက်သည်။

လော့မဲ့မဲ့က ချက်ချင်းပင် မြေပြင်တုန်ခါစေလျက် မာန်ဖီကာ အဖြူရောင်အလင်းတန်းလို ပြေးထွက်သွားသည်။

ဂျန်ဝုရှီက အနက်ရောင်သားရဲကြီး၏ ဘေးနားသို့ လာရပ်သည်။ သူမက အနက်ရောင်သားရဲကြီး၏ ကျောပေါ်တွင် သတိလစ်မေ့မြောနေသော မုကွိုင်ဖန်ကို မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။ သူမ လက်ဆန့်တန်း၍ မုကွိုင်ဖန်၏ သွေးကြောကို စမ်းသပ်လိုက်သည်။ သူ အသက်ရှင်သေးမှန်း ဆုံးဖြတ်ပြီးနောက်, သူမ၏ သိုလောင်အိတ်မှ ဆေးပုလင်းများကို မဆိုင်းမတွ သူမ ထုတ်ယူလိုက်သည်။ ဂျန်ဝုရှီက မုကွိုင်ဖန်၏ ငိုက်ကျနေသော ဦးခေါင်းကို မော့စေ၍ ဆေးတိုက်ပေးလိုက်သည်။

ဂျန်ဝုရှီက စကားတစ်ခွန်းမျှ မဟဘဲ မုကွိုင်ဖန်၏ ဒဏ်ရာများကို ကုသပေးသည်။ အစောပိုင်း ဆူဆူညံညံ အသံများက ပျောက်ကွယ်သွားပြီး တိတ်ကျသွားသည်။ အနက်ရောင်သားရဲကြီးက မြက်ခင်းပြင်ပေါ်တွင် မလှုပ်မရှား လဲလျောင်းနေသည်။ သူက ဝိညာဉ်ခန္ဓာကိုယ် ဖြစ်သော်လည်း အသွေးအသားခန္ဓာကိုယ်သို့ ပြောင်းလဲပြီးနောက်, သူက ကိုယ်ငွေ့ရှိသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ အေးစက်စက် ဒီလို ညမျိုးမှာ သွေးများစွာ ဆုံးရှုံးထားသော မုကွိုင်ဖန်ကို အေးစက်နေသော မြေပြင်ပေါ်တွင် ချထားလျှင် ကိုယ်ပူချိန် ကျဆင်းကာ မုကွိုင်ဖန် သေဆုံးသွားနိုင်သည်။

တောအုပ်၏ တစ်ဖက်တွင် တိတ်ဆိတ် ငြိမ်သက်ခြင်းနှင့် ဆန့်ကျင်ဘက် ကြောက်လန့်တကြား အော်ဟစ်ပြေးလွှား၍ ဆူညံနေသည်။ ထိုလူများက အသက်ရှင်သန်ရေးအတွက် ဝရောသောပါး ပြေးလွှားနေကြသည်။ သို့သော် သူတို့က မယုံနိုင်ဖွယ် အမြန်နှုန်းကို ပိုင်ဆိုင်ထားသော လော့မဲ့မဲ့၏ ပြိုင်ဘက် မဖြစ်နိုင်ကြချေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now