၄၂၉။ "ရောဂါလား အဆိပ်လား - ၄"

439 44 0
                                    

၄၂၉။ ရောဂါလား အဆိပ်လား - ၄

တစ်ယောက်က မေ့လဲနေပြီး နောက်တစ်ယောက်က ရုတ်တရက် ပေါ်လာသည်။ ဂျန်ဝုရှီ၏ လက်က ဖန်ဇို့သွေးကြောများပေါ်တွင် ရှိနေဆဲဖြစ်ပြီး သူမ၏ စိမ်းညို့ညို့ သွေးကြောများက ရုတ်တရက် မြင်သာထင်သာအောင် ထောင်ထလာသည်။

နင် သူ့ကို မသေစေချင်ရင်, ငါ ပြောသလို လုပ်။ ဖန်ဂျင်အား ရှင်းပြဖို့ ဂျန်ဝုရှီမှာ အချိန်ပို မရှိပေ။ ဖန်ဂျင် သူမအား ယုံလား မယုံလား လောင်းကြေးထပ်လိုက်သည်။

မင်း..... ဖန်ဂျင်က မေ့လဲနေသော အာ့ဂျင်ကို ကြည့်၍ ပြင်းပြင်းထန်ထန် အကြောဆွဲနေဆဲ ဖြစ်သော ဖန်ဇိုကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက အကြီးအကျယ် လှုပ်ရှားရုန်းကန်နေတာကို ပြသနေ၏။

သူ့ရှေ့ရှိ မြင်ကွင်းက အန္တရာယ်အချက်ပြ ဖြစ်နေတာကို ငြင်းကွယ်လို့ မရပေ။ သူ့ရှေ့ရှိ မြင်ကွင်းက မည်သို့ ကြည့်ကြည့် ဂျန်ရှီက ဖန်ဇိုအား ထိခိုက်အောင် လုပ်နေတာကိုပဲ သူတို့ မြင်ကြရလိမ့်မည် ဖြစ်သည်။

သို့သော်....

ခု ပြော, ငါ ဘာလုပ်ပေးရမလဲ။ ဂျန်ရှီစကားကို နားထောင်လျှင် သူ မမှားနိုင်ကြောင်း ဆုံးဖြတ်၍ ဖန်ဂျင်က အသံ ဖျော့ကာ မေးသည်။

ရေနွေးနဲ့ ဝိုင်နွေးနွေး ဂျန်ဝုရှီ ကိုယ့်ကိုယ်ကို နှစ်ကိုယ်ခွဲနိုင်စွမ်း မရှိချေ။ သို့အတွက် ထိုအခိုက်မှာ ဖန်ဇို့ဘေးမှ သူမ အဝေးသို့ တစ်လှမ်းပင် ထွက်မသွားနိုင် ဖြစ်နေရသည်။

ဖန်ဂျင်က တွန့်ဆုတ်မနေဘဲ ချက်ချင်းပင် သူ့တာဝန်ကို လုပ်ဆောင်သည်။

ကြောင်နက်လေးက ဖန်ဂျင်၏ မြန်ဆန်စွာ လှုပ်ရှားဆောင်ရွက်မှုကို ကြည့်လျက် ဘေးတစ်ဖက်တွင် တိတ်ဆိတ်စွာ ထိုင်နေရင်း သူ့အမြီးကို ပျင်းရိပျင်းတွဲ လှုပ်ယမ်းနေသည်။

(သူက အနည်းဆုံးတော့ ဉာဏ်ကောင်းသားပဲ၊ ငါ့သခင်မလေး သူ့ညီကို အားတက်သရော ကယ်တင်ဖို့ ကြိုးစားတာ အချည်းနှီး မဖြစ်ဘူးပဲ။)

ခဏအကြာတွင် ဖန်ဂျင်က ဂျန်ဝုရှီ ပြောသည့်အတိုင်း အဆင်သင့် ပြင်ဆင်ပြီး၍ အခန်းတွင်းသို့ ယူဆောင်လာ၏။ ဂျန်ဝုရှီက သူ့ကို လုံးဝ လျစ်လျူရှူထားပြီး ဖန်ဇိုအား ကုသရေးမှာသာ အားအပြည့်ထည့်ထားသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now