၂၂၅။ "တတိယရိုက်ချက် - ၇"

1K 86 0
                                    

၂၂၅။ “တတိယရိုက်ချက် - ၇”

အမူးသမားကြာပန်း၏ စကားများက ချင်းယန်ကလန်လူများကို စာရွက်ပါးတစ်ခုလို ဖြူဖပ်ဖြူရော် ဖြစ်စေသည်။ ချင်းယန်ကလန်တပည့်တစ်ယောက်က အသားပြားဖြစ်သွားပြီး အရိုးများကိုလည်း ရှာမတွေ့တော့ပေ။ သူက အကောင်းဆုံး တိုက်ခိုက်ရေးသမားမဟုတ်သော်လည်း, သူတို့ထဲမှာ လက်သီးအပြင်းဆုံးဖြစ်သည်။ သူက သူ့လက်သီးအားကို ဂုဏ်ယူခဲ့သူ ဖြစ်သည်။ ထိုလက်သီးများက လက်သီးတစ်ချက်တည်းဖြင့် လုံးဝ ကြေမွသွားရသည်။ လူငယ်၏ လက်သီးအားက မည်မျှလောက် ပြင်းထန်သလဲ သူတို့ စဉ်းစားပင် မစဉ်းစားတတ်တော့ပေ။

သူတို့အားလုံးက အနည်းဆုံး အစိမ်းရောင်အဆင့် ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ သို့သော် မည်သူမျှ ထိုက်လက်သီးများကို ထိပ်တိုက် ရင်မဆိုင်ရဲတော့ချေ။

သို့သော် ဂျန်ဝုရှီက အမိန့်ပေးထားပြီး ဖြစ်သည်။ သူတို့ ပုန်းခိုစရာ နေရာမရှိတော့ချေ။ အမူးသမား ကြာပန်းကလည်း ထိုသို့ ဖြစ်ခွင့် ပေးမည်လည်း မဟုတ်ပေ။

အမူးသမား ကြာပန်းက ချင်းယန်ကလန်မှ နောက်တပည့်တစ်ယောက်သို့ လှည့်ကြည့်လာသည်။ အေးစက်ခြင်းက အရိုးထိတိုင် စိမ့်ဝင်လာပြီး သူက စတင် အော်ဟစ်လိုက်သည်။ “သူ့ကို သတ်ပါ, စီနီယာ ဝမ်, အခု ခင်ဗျား လုပ်ရှားတော့... လုပ်.. အခု......”

ထိုလူ အော်ဟစ်စဉ်, မဲနယ်ရောင်စွမ်းအားရှင်က ခံစားချက်များ ရှုပ်ထွေးနေသည်။ အရင်က ချင်းယန်ကလန်နှင့် သူ့မှာ မည်သည့် အပေးအယူ ကိစ္စမျှ မရှိခဲ့ချေ။ သူက ကုန်းမြေတစ်ခုလုံးတွင် ထိပ်တန်းအဆင့် ကလန်၏ အကူအညီကို လိုအပ်သဖြင့် သူ့လိုအင်အတွက် ပူပေါင်းပါဝင်လာခဲ့ခြင်း ဖြစ်သည်။ ချီတိုင်းပြည်သို့ လာရန် ကိုယ်စားလှယ်အဖွဲ့နှင့် ပူးပေါင်းပါဝင်ရန် သူ့အား ဖိတ်ကြားလာခဲ့သည်။ သူလက်ခံရန် ဖိအား‌‌ပေးလည်း ခံခဲ့ရသည်။

ထို့ကြောင့် သူတို့က ရူလင်းစစ်သားများနှင့် ရင်ဆိုင်နေသည့်အခါမှာ, သူက လက်တစ်ချောင်းကိုပင် မမြှောက်ခဲ့ပေ။ ဂျန်သားအဖ ဝင်ရောက်လာမှသာ သူ၏ ဖိနှိပ်စွမ်းအားကို ဖော်ထုတ်ရုံသာ ဖော်ထုတ်ထားခဲ့သည်။ ရန်သူများ၏ တိုက်ခိုက်မှုကို ရပ်တန့်သွားစေရန် ဖြစ်သည်။ သူက လင်းအိမ်တော်ကို  မဖြစ်နိုင်သည့်အဆုံးမှသာ တိုက်ခိုက်မည် ဖြစ်သည်။ ဒါကလည်း သူ မလုပ်နိုင်လို့ မဟုတ်ချေ။ သူ မလုပ်ချင်လို့ ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now