၄၄၁။ "အံ့ဖွယ် လူသတ်သမား - ၃"

427 43 2
                                    

၄၄၁။ အံ့ဖွယ် လူသတ်သမား - ၃

ထိုနေ့ မွန်းလွဲပိုင်းတွင် ဖန်ဇို နောက်တစ်ကြိမ် အကြောဆွဲကာ လဲကျသွားသည်။ အကြောဆွဲခြင်းက အရမ်းပြင်းထန်လွန်းသဖြင့် အာ့ဂျင် တုန်လှုပ်ချောက်ချားကာ မြေပြင်ပေါ် လဲကျသွားသည်။ ဖန်ဇိုကို ကယ်တင်ဖို့ သမားတော်များကို ရှာဖွေရန် အာ့ဂျင် ပြေးထွက်ရန် ဟန်ပြင်စဉ် အံ့ဩဖွယ်ရာကို တွေ့လိုက်ရသည်။ သူက အာ့ဂျင်ကို အနည်းငယ် နှစ်သိမ့်ပေးပြီးနောက် ထိုအကြောဆွဲခြင်းက ထိုနေရာမှာပင် အဆုံးသတ်သွားသည်။

နောက်တစ်ရက်တွင် စားဖိုဆောင်သို့ ပို့လာသမျှသော အစားအသောက် ပါဝင်အမယ်မှန်သမျှကို နမူနာ အနည်းငယ်စီ ယူထားရန် ဂျန်ဝုရှီက ဖန်ဂျင်အား ပြောထားသည်။ သူမက စေ့စေ့စပ်စပ် စစ်ဆေးသော်လည်း မည်သည့် သံသယဖြစ်ဖွယ်ရာကိုမျှ မတွေ့ရချေ။

လက်သည်က အတော် သတိထားနေတာပါလား၊ ငါတို့ စားနေတဲ့ အစားအစာကို နေ့တိုင်း ဆေးမခတ်ဘူးပဲ။ ဂျန်ဝုရှီက သူမလက်ထဲရှိ မုန်လာဥကို ကြည့်ပြီးနောက် ဖန်ဂျင်ထံ ပစ်ပေးသည်။

ဖန်ဂျင်က မုန်လာဥကို ဖမ်းယူ၍ လှည့်ပတ်ကာ အထပ်ထပ် အနီးကပ် ကြည့်ရှူစစ်ဆေးပြီး‌နောက် ပလုပ်ပလောင်း ဝါးစားတော့သည်။

လက်သည်က ဇိုလေးကို ရံဖန်ရံခါမှ လဲကျစေလိုတာ နေမယ်၊ ဒီလိုနဲ့ အချိန်ဆွဲပြီး ဇိုလေးရဲ့ အသက်စွမ်းအားကို သူ့ဘာသာ ကုန်ခမ်းအောင် လုပ်ပြီး သေစေချင်တာ ဖြစ်မယ်။ ဖန်ဂျင်က မျက်မှောင်ကြုတ်၍ မုန်လာဥကို စူးစိုက်ကြည့်သည်။ ၎င်းမုန်လာဥကို လက်သည်တရားခံလို မြင်ယောင်ပြီး အသားကုန် ကိုက်ဝါးလိုက်သည်။

လက်သည် နောက်တစ်ကြိမ် လှုပ်ရှားလာချိန်ကို ငါတို့ စောင့်နေရုံပဲ ရှိတော့တယ်။ ဖန်ဂျင်က ကြိတ်မှိတ်လက်ခံလိုက်သည်။

သူတို့ သုံးယောက် စကားပြောနေစဉ် ဝါးတောအုပ် အပြင်ဘက်မှ အော်ဟစ်သံများ ထွက်လာတာကို ကြားလိုက်ရကြသည်။

ဂျန်ရှီ, လူယုတ်မာ, လူလိမ်လူညာ၊ မင်းက ဒီလောက် စည်းကမ်းချိုးဖောက်ထားတာတောင် ဒီမှာ ပုန်းနေချင်သေးတယ်ပေါ့၊ အခုချက်ချင်း လေညင်းကျောင်းတော်ကနေ ထွက်သွားစမ်း....

ပါရမီရှင်သမားတော်(၂)Wo Geschichten leben. Entdecke jetzt