၅၈၀။ ရိုက်နှက်ဖို့ ပြင်ဆင်ခြင်း-၃

377 33 1
                                    

၅၈၀။ ရိုက်နှက်ဖို့ ပြင်ဆင်ခြင်း-၃

ဂျန်ဝုရှီ၏ အမူအရာက အေးစက်စက် ဖြစ်နေသည်။ အမုန်းတရားများ ပြည့်နှက်နေသော အကြည့်များအောက်မှ သူမ လျှောက်လှမ်းထွက်လာသည်။ သူမ ဝိညာဉ်ကုစားဌာနမှ လှမ်းထွက်လာသည်နှင့် မျက်နှာသိနှင့် ပက်ပင်းကြုံရမည်ဟု မှတ်ထင်မထားပေ။

ရှီလေး, တိုက်ဆိုင်လိုက်တာ, မင်းကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး နင်ရှင်းက ဝိညာဉ်ကုစားဌာန၏ ဂိတ်တံခါးရှေ့တွင် အတော်ကြာအောင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။ သူမ ဂျန်ဝုရှီကို မြင်သည်နှင့် အကောင်းဆုံး ပြုံးပြီး ဂျန်ဝုရှီထံ အရောက်လာလေ၏။ သူမအပြုံးက နွေဦးလေပြေလို အလွန်နူးညံ့သည်။ သူမ၏ မိတ်ဆွေဆန်သော ခင်မင်ဖော်ရွေသည့် အပြုံးက ခြိမ်းခြောက်စရာဟူ၍ ဘယ်တော့မှ ထင်မိစေမည် မဟုတ်ပေ။

ထိုနေ့များမှာ သူမ လူတိုင်းဆီမှ မျက်မုန်းကျိုး အကြည့်များသာ ရရှိထားသည်။ ထိုအကြည့်များနှင့် နှိုင်းယှဉ်လျှင် နင်ရှင်း၏ အမူအရာက အမူမဲ့ အမှတ်မဲ့ ငေါထွက်နေသည်။ သူ့ကိုယ်ပိုင် ကြင်နာတတ်သော အမူအရာ ဖြစ်သည်။

ဂျန်ဝုရှီ ခြေလှမ်းရပ်သွားသည်။ သူမ နင်ရှင်းကို ကြည့်လိုက်သည်။ နင်ရှင်း၏ အပြုံးက နားရွက် တက်ချိတ်မတတ် ဖြစ်နေသည်။

နင်ရှင်း၏ မျက်နှာမှာ ကြီးများကျယ်ပြန့်ပြီး မိတ်ဆွေဆန်သော အပြုံးရှိသည်။ သို့သော်ငြား သူမနှလုံးသားက အေးစက်ပြီး အထင်သေးခြင်းများဖြင့် ပြည့်နှက်နေသည်။

ဂျန်ဝုရှီ ဝိညာဉ်ကုစားဌာနသို့ လှမ်းဝင်လိုက်သော အချိန်မှာပင်, ယင်ယန်က နင်ရှင်းထံ အမြန်ပြေး၍ သည်သတင်းကို ယူဆောင်သွားသည်။ နင်ရှင်းက အမြန်အဆန်လာ၍ ဂိတ်တံခါး အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့သည်။

လေညင်းကျောင်းတော်တွင် စဝင်ဝင်ချင်း နေ့မှ လွဲ၍ ဂျန်ဝုရှီကို ဝိညာဉ်ကုစားဌာနတွင် နောက်ထပ် မတွေ့ရတော့ပေ။ သို့သော် ဂျန်ဝုရှီ ရုတ်တရက် ဝိညာဉ်ကုစားဌာနသို့ သွားသည်ကို သိလာရလျှင် နင်ရှင်းအား တိုးတိုးတိတ်တိတ် ဝမ်းသာသွားစေသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now