၃၆၇။ "အရှေ့ဖက်ဝင်း စည်ပင်လာခြင်း - ၂"

504 37 0
                                    

၃၆၇။ အရှေ့ဖက်ဝင်း စည်ပင်လာခြင်း - ၂

ယန်ဘူဂွေ့ မျက်မှောင်ကြုတ်သွားသည်။ သူက ဂျန်ဝုရှီကို သည်လို ကိစ္စမျိုးတွေနှင့် မပတ်သက်စေလိုပေ။

သို့သော် ဂျန်ဝုရှီက အဆင်သင့်ပင် သဘောတူလိုက်သည် သွားကြတာပေါ့။

သူမရှေ့တွင် ချင်းယန်ကလန်သည်ပင် ပျက်စီးရခဲ့ရသည်။ စုတ်ပြတ်ဟောင်းနွမ်းနေသည့် အကယ်ဒမီ၏ ကျောင်းအုပ်ကြီးက ချင်းယန်ကလန်ကို မည်သို့ ယှဉ်နိုင်မည်နည်း။

ကောင်းတယ်, ငါ မင်းတို့ နှစ်ယောက်လုံးကို ကျောင်းအုပ်ကြီးရဲ့ စာကြည့်ခန်းထဲမှာ စောင့်နေမယ် ဟီချွဲ့ရှန်က ပြောပြီးသည်နှင့် အမြန် ထွက်ခွာသွားသည်။

ဟီချွဲ့ရှန် ထွက်ခွာသွားပြီးနောက်, ယန်ဘူဂွေ့၏ မျက်လုံးများက ချက်ချင်း နူးညံ့သိမ်မွေ့သွားသည်။ သူက ဂျန်ဝုရှီကို ကူကယ်ရာမဲ့သည့် ဟန်ဖြင့် ကြည့်သည်။

ဂျန်ရှီ... မင်း အဲလို လုပ်စရာ မလိုပါဘူး...

ကျုပ် သွားမယ် ဂျန်ဝုရှီက ယတိပြတ်ပြောသည်။ ဆရာတစ်ယောက်အပေါ် အောက်ခြေသိမ်း လုပ်ဆောင်ပေးရသည့် အယူအဆက ဂျန်ဝုရှီအတွက် အစိမ်းသက်သက် ဖြစ်နေသည်။ သူမက ကျောက်ချူတို့ကို စူးစမ်းလေ့လာရင်း ၎င်းသဘောတရားကို တီးမိခေါက်မိ ရှိသွားခဲ့သည်။

ယန်ဘူဂွေ့က သက်ပြင်းချသည်။ ဂျန်ဝုရှီက စကားများများ ပြောတတ်သူ မဟုတ်မှန်း သူ သိသည်။ သို့သော် စကားနည်းသော သူ့တပည့်အသစ်လေး၏ စကားက ရှင်းလင်းလွန်းနေသည်။ သူ့နှုတ်ဖျားမှ ထွက်လာသည့် စကားက လှုပ်ရှားယိမ်းယိုင်ခြင်းမရှိတာက အစစ်အမှန်ဖြစ်သည်။ ထို့ပြင် အလွယ်တကူ ပြောင်းလဲလို့လည်း မရပေ။

ဂျန်ဝုရှီက ကြောင်နက်လေးကို ‌ရောင်းရူအား ဂရုစိုက်ပေးရန် လွှဲပေးလိုက်ပြီး ယန်ဘူဂွေ့နှင့် အတူ ကျောင်းအုပ်ကြီးထံသို့ ထွက်ခွာသွားသည်။

လမ်းတောက်လျှောက်တွင်, ဖီးနစ်ကျောင်းတော်၏ ကျောင်းသားများကို သူတို့ ဖြတ်ကျော်လာခဲ့ကြသည်။ သူတို့က ဂျန်ဝုရှီနှင့် ယန်ဘူဂွေ့ကို မြင်လျှင်, လက်ညှိုးထိုး၍ သူတို့ကြားမှာ ပြောင်ပြောင်တင်းတင်းပင် အတင်းတုပ်နေကြသည်။ ယန်ဘူဂွေ့၏ ကျောင်းတော်၏ ဆရာဟူသော အဆင့်အတန်းကိုပင် အရေးမစိုက်ကြချေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now