၃၂၇။ "ခြိမ်းခြောက်ခြင်း - ၃"

601 47 0
                                    

၃၂၇။ “ခြိမ်းခြောက်ခြင်း - ၃”

တိမ်ပြာတောင်ထွတ်တပည့်အချို့က ချက်ချင်းပင် ပြေးထွက်လာကြသည်။ သို့သော် သူတို့က ဂျန်ဝုရှီ၏ အင်္ကျီစကိုပင် မထိလိုက်ကြရချေ။ ကျောက်ချူနှင့် သူတို့ ရင်ဆိုင် တွေ့လိုက်ကြသည်။ ကျောက်ချူက သူတို့အလယ်သို့ ဖျတ်ခနဲ ခုနဝင်သွား၍ သူတို့ ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။ သူတို့က သူတို့ဝင်လာရာသို့ လွင့်ပျံသွားကြသည်။

ကျောက်ချူ၏ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်မှုက ခန်းမကြီးထဲရှိ လူတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

ခဲချန်ဂျု ခေါ်လာသည့် တပည့်နှစ်ယောက်လုံးက အတော့်ကို ရဲတင်းကြပြီး သူတို့က တော်တော် မွှေနှောက်ကြသည်။

တစ်ယောက်က လူတိုင်းရှေ့တွင် ချင်ယွဲ့နှင့် ခဲချန်ဂျုကြားမှ လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြပြီး နောက်တစ်ယောက်က တိမ်ပြာတောင်ထွတ်တပည့်များကို တိုက်ခိုက်သည်။ ထိုတပည့်များက ခန်းမကြီးထဲမှ အပြင်ဘက်သို့ လွင့်ပျံထွက်သွားကြရသည်။

အဓိပတိ၏ ခန်းမကြီးထဲတွင် တိုက်ခိုက်ခြင်း, သည်လို လုပ်ရဲသူက, ကျောက်ချူက ပထမဆုံးဆိုတာ သံသယရှိစရာပင် မလိုတော့ပေ။

ထိုစဉ်, ချင်ယွဲ့က အံ့အားသင့်သွားပြီး ဒေါသတကြီး ထရပ်လိုက်သည်။ သူ့ပုံရိပ်က တုန်ယင်နေပြီး သူက ခဲချန်ဂျုကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည် “ ခဲချန်ဂျု, ဒီလူဆိုး နှစ်ကောင်က ဘာသဘောလဲ၊ မင်းက ငါ့ကို အဓိပတိအနေနဲ့ လေးစားမှုကော ရှိသေးရဲ့လား။”

ပုန်ကန်တာ။

သူက ပုန်ကန်တာ။

ခဲချန်ဂျုက တစ်ချိန်လုံး မာန်ထောင်ခဲ့သည်။ သို့သော် သူက အမြဲတမ်း ချင်ယွဲ့အား လေးစားသမှုကို ပြသပြီး သူ့စည်းမျဉ်းကို သိခဲ့သည်။ သို့သော် အခု ခဲချန်ဂျုက သူ့တပည့်နှစ်ယောက်ကို ခေါ်လာခဲ့ပြီး သူ့ဩဇာအာဏာကို ပြောင်ပြောင်တင်းတင်းပင် စိန်ခေါ်နေလေပြီ။ ချင်ယွဲ့က သူ့ဒေါသကို မထိန်းထားနိုင်တော့ပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now