၆၄၆။ မိုးကောင်းကင်အဆုံး ချောက်နက်သို့ (၁)

334 36 0
                                    

၆၄၆။ မိုးကောင်းကင်အဆုံး ချောက်နက်သို့ (၁)

သုံးရက်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ဂျန်ဝုရှီတို့ အုပ်စုက အရာရာကို ပြင်ဆင်၍ မိုးကောင်းကင်အဆုံး ချောက်နက်သို့ သူတို့၏ ခရီးစဉ်ကို တရားဝင် စတင်လိုက်သည်။

မုကွိုင်ဖန်ကိုပါ ပေါင်းထည့်လျှင် ခရီးစဉ်မှာ သူတို့ လူပေါင်း ၇ယောက် ဖြစ်သည်။ ဂျန်ဝုရှီက အတော်ကျယ်ဝန်းသော မြင်းဆွဲရထားလုံးကို ဝယ်ယူလိုက်ပြီး သူတို့အားလုံး တိုးဝှေ့စီးနင်းကြသည်။ ဂျန်ဝုရှီက မြင်းရထားမောင်းသမားကို ငှားရမ်းလိုသော်လည်း မုကွိုင်ဖန်က ၎င်းအကြံအစည်ကို ကန့်ကွက်သည်။ မိုးကောင်းကင်အဆုံး ချောက်နက်၏ တိကျသော နေရာကို ကမ္ဘာပေါ်ရှိ လူတိုင်း မသိကြပေ။ လူအနည်းငယ်မျှသာ ၎င်းချောက်နက်၏ တည်နေရာကို သိထားကြသည်။ လူသိနည်းလေ သူတို့အတွက် ပိုကောင်းလေ ဖြစ်သည်။ သူက တည်နေရာ ပေါက်ကြားသွားပြီး မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာမှာကို တားမြစ်လိုခဲ့သည်။

ရထားမောင်းသမားတာဝန်ကို မုကွိုင်ဖန်ကိုယ်တိုင် တာဝန်ယူလိုက်သည်။ ကျောက်ချူတို့က အချိန်ပိုင်း တာဝန်ယူပေးရန် ကမ်းလှမ်းသော်လည်း သူက ယဉ်ကျေးစွာ ငြင်းဆိုသည်။

မုကွိုင်ဖန်၏ စိတ်ထဲမှာ ဂျန်ဝုရှီကို သူ တွေ့ကြုံရခြင်းက သူ့ဘဝတစ်ခုလုံး လုံးဝ ပြောင်းလဲသွားတာကို ခံစားရပြီး သူမအပေါ် စိတ်နှလုံးနှစ်၍ တာဝန်ထမ်းဆောင်ပေးလိုသော စိတ်သာ ရှိသည်။

ချန်လင်းမြို့မှ မိုးကောင်းကင်အဆုံး ချောက်နက်သို့ ခရီးလမ်းက နှစ်ပတ်လောက် အနည်းဆုံး ကြာမြင့်လိမ့်မည်။ သူတို့က နေ့ခင်းဘက်မှာ မရပ်မနား ခရီးနှင်ပြီး ညပိုင်းမှာ အနားယူကြသည်။ သူတို့က စနောက် ကျီစယ်၍ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်ဖြင့် ခရီးနှင်ကြသည်။

ဂျန်ဝုရှီမှ လွဲ၍ ဖန်ဇိုနှင့် တခြားလူများအားလုံး၏ ဝိညာဉ်လက်စွပ်များကို အသစ်ဖန်တီးပြီး ဖြစ်သည်။ ဂျန်ဝုရှီ၏ ဝိညာဉ်လက်စွပ်ကို အလှည့်ကျလာလို့ ဖန်ဇိုက ဖန်တီးပေးချိန်မှာ အနက်ရောင်ငွေသတ္တုက သူမ၏ ဝိညာဉ်လက်စွပ်နှင့် မည်သို့မျှ ပေါင်းစပ်လို့ မရခဲ့ပေ။ ပုံစံလည်း ဖော်လို့ မရခဲ့ပေ။ ၎င်းအနေအထားက ဖန်ဇိုအား အကြီးအကျယ် ခေါင်းခဲသွားစေသည်။ ရလဒ်အနေဖြင့် ဂျန်ဝုရှီတစ်ယောက်တည်း၏သာ ဝိညာဉ်လက်စွပ်က မူရင်းအတိုင်း တည်ရှိတော့သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now