၇၄၄။ လက်လေးကို ဖျစ်ညှစ်ခြင်း (၃)

253 29 0
                                    

၇၄၄။ လက်လေးကို ဖျစ်ညှစ်ခြင်း (၃)

သူ့ရတနာများအား မျက်စိကျနေသူများအပေါ် ဆက်ဆံသော နည်းလမ်းက အလွန်အမင်း ကွဲပြားခြားနားသည်။ ယဲ့ရှနှင့် ယဲ့မေ့က ၎င်းကိစ္စရပ်အပေါ် လျစ်လျူရှူထားပြီး မသိကျိုးကျွံနေလိုက်ကြသည်။

သူတို့သခင်ကြီး ဂျူးအတွက် သခင်မလေး ဘာလိုချင် လိုချင်, သူ ဖြည့်ဆည်းပေးဖို့ အသင့်ဖြစ်နေသည်သာ။

ဒီတော့ ရှီလေး ဘာလုပ်ဖို့ ရည်ရွယ်ထားသလဲ ဂျန်ဝုယောင်းက သူမအား တည်ကြည်လေးနက်စွာ ကြည့်၍ မေးသည်။ မိုးကောင်းကင်အဆုံး ချောက်နက်က သူ ပျောက်ကွယ်သွားမှ ဖြစ်လာသည့် အရာ ဖြစ်သည်။ ယဲ့မေ့ ပြောသလိုဆိုလျှင် ၎င်းနေရာက အလွန်အန္တရာယ်များသည်။ ၎င်းအရာများကို အမှောင်နိုင်ငံကသာ တည်ဆောက်နိုင်သော စွမ်းအား ရှိသည်။ သူတို့ မြေပုံမပါဘဲ သွားခဲ့လျှင်, သူသည်ပင် နေရာအတိအကျ ရှာဖွေနိုင်မည် မဟုတ်ပေ။

မြေပုံတွေ ရှာမယ် ဂျန်ဝုရှီက ပြန်ပြောသည်။ သူမက ဂျန်ဝုယောင်းကို မည်သည့် အရာမျှ ဖုံးကွယ်ထားစလို မလိုပေ။

နင်ရူက အကျဉ်းချခံထားရသည်။ သူ ကိုင်ထားသည့် မြေပုံက မကြာခင် သူတို့လက်ထဲ ရောက်ရှိလာလိမ့်မည်။ သူတို့ ဆီမှာ ရှိရင်းစွဲ မြေပုံနှစ်ချပ်နှင့် ပေါင်းလျှင် မြေပုံ သုံးချပ် ရှိလာလိမ့်မည်။

မိုးကောင်းကင်အဆုံး ချောက်နက်ကို ငါတို့ သွားတုန်းက ရန်တိုင်းပြည်က လူတွေနဲ့ ပက်ပင်း တိုးခဲ့ကြတယ်၊ သတင်းအချက်အလက်သာ မမှားဘူးဆိုရင် နောက်ထပ် မြေပုံတစ်ချပ်ကို ရန်တိုင်းပြည် အိမ်ရှေ့မင်းသား ကိုင်ထားလိမ့်မယ်၊ အဲဒါနဲ့ ပေါင်းရင် မြေပုံလေးချပ် ဖြစ်လာလိမ့်မယ်၊ ဒါဆို မြေပုံတစ်ဝက် ရပြီပေါ့၊ နောက်ကျန်တဲ့ တစ်ဝက်ကိုလည်း ရရှိဖို့ အချိန်သာ လိုတယ်။

အိုး, ဒါဆို မင်း ငါ့အကူအညီ လိုလား ဂျန်ဝုယောင်းက ရယ်မောလျက် မေးသည်။

ဂျန်ဝုရှီက ခေါင်းခါပြသည်။ ဂျန်ဝုယောင်းက ခဏခဏ ပျောက်ပျောက်သွားတာကို သူမ မမေ့ပေ။ သူ ရုတ်တရက် ခွဲခွာသွားခြင်းက သူ ရှိမှ ဖြစ်မည့် ကိစ္စရပ်များ ရှိနေသည်ဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Opowieści tętniące życiem. Odkryj je teraz