၈၃၉။ စတုတ္ထမင်းသားလေး (၅)

145 27 0
                                    

၈၃၉။ စတုတ္ထမင်းသားလေး (၅)

အမ်း ဂျန်ဝုရှီက သူအား သဘောတူသောအားဖြင့် အရိုးစင်းဆုံး ခေါင်းညိတ်လိုက်သည်။

လေ့ချန်၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

ကျောက်ချူက သူတို့ကို ကြည့်နေရင်း ကျယ်ကျယ်လောင်လောင် ရယ်မိမတတ် ဖြစ်သွားသည်။ ဒီကောင်မလေးက အရမ်း တိုက်ရိုက်ဆန်လွန်းသဖြင့် တခြားလူများကို စိတ်တိုပြီး သွေးအန်အောင် လုပ်တတ်သည်။ အိမ်ရှေ့စံ၏ မျက်နှာက သူတို့ ရှေ့ရှိ ဟင်းသီးဟင်းရွက်လို အစိမ်းရောင်ပေါက်သွားတာကို သူ မြင်လိုက်သည်။

ဒါပေမဲ့ အခု လေ့ဖန်က မင်းရှေ့မှာ ပေါ်လာပြီဆိုတော့, ငါ့ခမည်းတော်က မင်းဆီ သူ ဆက် လှုပ်ရှားလာလိမ့်မယ်၊ မင်း အခု ငါ့ဆီကနေ တစ်ခုခု လိုအပ်တာများ ရှိနေမလား လေ့ချန်က မေးလိုက်သည်။

မလိုဘူး ဂျန်ဝုရှီက ခေါင်းယမ်း၍ ဖြေသည်။

လေ့ချန်က ဆက် မမေးတော့ပေ။ ထို့နောက် ကျောက်ချူတို့နှင့် အနည်းငယ် ဆက်စကားပြောပြီး ထွက်ခွာသွားသည်။

လေ့ချန် ထွက်သွားပြီးနောက် သူတို့က ဘာမှ မဖြစ်ခဲ့သလိုပင် သူတို့ အစားအစာများကို ဆက်လက် စားသောက်ကြသည်။ ထာဝရအမိုးခုံး တည်းခိုဆောင်ရှိ လူများက တည်ငြိမ်အေးဆေးနေစဉ်, နန်းတော်တွင်းရှိ တစ်စုံတစ်ယောက်ကတော့ တည်ငြိမ်အေးဆေးသော အခြေအနေမှာ ရှိမနေပေ။

ခမည်းတော်, ဂျန်ရှီက သူ့ကိုယ်သူ ဘာကောင်လို့ ထင်နေရတာလဲ၊ ခမည်းတော်ရဲ့ သားက သူ့ကို ယဉ်ယဉ်ကျေးကျေးနဲ့ ဖိတ်မံတာကို, သူက သားတော်ကို လုံးဝ လျစ်လျူရှူထားတယ်၊ ကျနော်နဲ့ ပတ်သက်တဲ့ မဟုတ်မမှန် ကောလာဟလတွေ သူများ ကြားမိထားလို့လား၊ ကျနော့်ကို စတုတ္ထမင်းသားမို့လို့ မနှစ်သက်တာလား လေ့ဖန်က ဘုရင့်စာကြည့်ခန်းထဲမှာ မကျေမချမ်း ညည်းတွားလိုက်သည်။ သူ၏ ခံ့ညားထည်ဝါသော မျက်နှာမှာ မျက်ရည်များက ကျလုကျခင် ဖြစ်နေသည်။

ဘုရင်ကြီးက မင်းသားလေး မကျေမချမ်း ဖြစ်နေတာကို မြင်ရချိန်မှာ သူ့နှလုံးသားက ချက်ချင်းပင် နာကျင်သွားရသည်။ သူ အချစ်ဆုံး အမျိုးသမီး၏ မျက်နှာနှင့် အလွန်တူသော ထိုမျက်နှာလေးကို ကြည့်ရင်း ဘုရင်ကြီးက သူ့ကို နှစ်သိမ့်စကား ပြောကြားလိုက်သည် ဒါဆို အဲကောင်လေးက သားတော်နဲ့ မထိုက်တန်ဘူးဆိုတာကို ပြသနေတာပဲ‌ပေါ့၊ သားလေးဖန်က ဒီလောက် ကိုယ့်ကိုယ်ကို နှိမ့်ချပေးတာတောင်, အဲကောင်လေးက သူ့အတွက် ဘာကောင်းသလဲဆိုတာ မသိဘူး၊ ဝမ်းနည်းမနေတော့နဲ့နော် သားလေး၊ အဲကောင်လေး သူ့ကို ပေးအပ်လာတဲ့ အခွင့်အရေးနဲ့ လွဲချော်သွားမှတော့, ခမည်းတော် နောက်ရက်တွေမှာ ထူးချွန်ထက်မြက်တဲ့ ပညာသင်ဘက်ကို သားတော်အတွက် ရှာပေးမယ်လေ။

ပါရမီရှင်သမားတော်(၂)Dove le storie prendono vita. Scoprilo ora