၄၅၀။ "အားအနည်းဆုံး အဖွဲ့လော, အားအကောင်းဆုံး အဖွဲ့လော - ၃"

453 46 0
                                    

၄၅၀။ အားအနည်းဆုံး အဖွဲ့လော, အားအကောင်းဆုံး အဖွဲ့လော - ၃

ဖန်ဂျင် အတော် စိတ်သက်သာရာရသွားသည်။ ကျောက်ချူတို့အဖွဲ့ကတော့ နည်းနည်းလေးမျှ မယုံကြချေ။

ဂျန်ရှီ ဟာသပြောတတ်လို့လား။

ဟာသပြောတယ်ဆိုရင် ဒါဟာ ပိုလို့တောင် ယုံကြည်ဖွယ်ရာ မရှိတော့ပေ။

ထိုကောင်လေးက သူ့ပါးစပ်မှ ထွက်သမျှစကားတိုင်းကို စိတ်ထဲရှိသည့်အတိုင်းသာ ပြောတတ်သည်။ သူက ဒီမှာ သတ်မယ်လို့ ပြောရင်, ဒီမှာ သတ်ခြင်းမှ လွဲ၍ တခြား ဘာမှ မရှိချေ။

ကျောက်ချူနှင့် ဟွာယောင်းက ယခင်အတွေ့အကြုံ ရှိဖူးကြ၍ သေချာကြသည်။ နည်းနည်းလေးပင် သံသယ မဝင်ကြချေ။ ဂျန်ရှီက သူ ပြောသလို လုပ်တတ်သူသာ ဖြစ်သည်။

သူမ လိပ်ပြာသားရဲ အမဲလိုက်ပွဲသို့ ဝင်ရောက်ဆင်နွှဲခြင်းက လူသတ်ဖို့သာ ဖြစ်ချေ၏။

သို့သော် ဟွာယောင်းနှင့် ကျောက်ချူက သူတို့အတွေးကို အတွေးအတိုင်းသာ ထားလိုက်ကြသည်။ သူ့ဘာသာ ဂျန်ရှီ၏ လုပ်ရပ် ပေါ်ထွက်လာဖို့ စောင့်ဆိုင်းလိုက်ကြသည်။ သို့မှသာ ဖန်ဂျင်ကို ပိုမို၍ မထိတ်လန့်စေမှာ ဖြစ်သည်။ သူတို့က အချင်းချင်း နားလည်ကြောင်းအကြည့်ဖြင့် ကြည့်ကြ၏။

ဟွာယောင်းက ရောင်းရူကို အဓိပ္ပါယ်ပါပါ ကြည့်သည်။ ရောင်းရူက ချက်ချင်း သဘောပေါက်လေ၏။ သူမက ဖန်ဂျင်ရှေ့သို့ သွားကာ ပြောသည် အကိုကြီးဖန်, ဌာနခွဲမှာ ငါတို့ ပစ္စည်းတွေ ကျန်ခဲ့လို့ ပြန်ယူရအုံးမယ်၊ ပစ္စည်းတွေ ပြန်သိမ်းဖို့ ငါနဲ့ အတူလိုက်ခဲ့ပါလား, အခက်အခဲ မရှိရင်ပေါ့၊ မဟာဌာနက လူတွေရဲ့ အကြည့်က ကြောက်စရာ... ရောင်းရူ၏ ချောမောသော မျက်နှာက ရုတ်တရက် စိုးရိမ်ပူပန်မှုဖြင့် ရောစွက်သွားသည်။ သူမက မိတ်ဆွေမဆန်သော အကြည့်များဖြင့် သူတို့အုပ်စုကို ကြည့်နေကြသော ပတ်ပတ်လည်ကို ဝေ့ဝိုက်ကြည့်ပြသည်။

ဖန်ဂျင်က ချက်ချင်းပင် သူ့ရင်ဘတ်ကို ယုံကြည်ချက်ရှိရှိ ပုတ်ပြ၍ ဌာနခွဲ စခန်းချရာသို့ လိုက်ပါသွားသည်။ သူတို့ပိုင်ဆိုင်သော ပစ္စည်းများကို သိမ်းဆည်းဖို့ ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now