၆၁၁။ မင်းလေးက အရမ်းလှတယ်၊ ဒါပေမဲ့ ဆူးတွေနဲ့ကွယ်-၃

426 48 0
                                    

၆၁၁။ မင်းလေးက အရမ်းလှတယ်၊ ဒါပေမဲ့ ဆူးတွေနဲ့ကွယ်-၃

ဂျန်ဝုရှီက မြင်းပေါ်မှ ဆင်းပြီးသည်နှင့် ယာယီတဲသို့ ချက်ချင်း ဝင်သွား၍ သန့်ရှင်းသော အဝတ်ကို လဲလှယ်ဝတ်ဆင်လိုက်သည်။ သူမ ယာယီတဲမှ ထွက်လာချိန်မှာ ကျောက်ချူ, ဟွာယောင်း, ဖေးယန်နှင့် ရောင်းရူတို့က အပြင်ဘက်တွင် သူမကို စိတ်ရှည်စွာ အသင့် ရပ်စောင့်နေကြသည်။

ညောင် ကြောင်နက်လေးက ဂျန်ဝုရှီ၏ လက်မောင်းကြားတွင် ဇိမ်ခံနေသည်။ သူက အမြီးတယမ်းယမ်းဖြင့် ကျောက်ချူတို့ အုပ်စုကို ပျင်းရိပျင်းတွဲဖြင့် ကြည့်လိုက်သည်။ သူတို့၏ သွင်ပြင်က ဂျန်ဝုရှီအတွက် ထူးဆန်းနေဟန် ဖြစ်သည်။

ဂျန်ဝုရှီက သူတို့လေးယောက်ကို ကြည့်ပြီး ခေါင်းရှုပ်ဟန်ဖြင့် ခေါင်းတစ်ဖက်သို့ စောင်းငဲ့လိုက်သည်။ သူတို့၏ အပြုအမူက သာမန်လို့ ထင်ရသည်။ သို့သော် သူမကို ကြည့်ပုံက အရင်နှင့် ကွဲပြားနေသည်။

ရှီလေး ကျောက်ချူက ဂျန်ဝုရှီကို တွန့်ဆုတ်ဆုတ်ဖြင့် ကြည့်လျက် သတိထားဟန်ဖြင့် စကားပြောသည်။

ဟမ် ဂျန်ဝုရှီက မျက်ခုံးတစ်ဖက် ပင့်မိသွားသည်။

ကျောက်ချူက သူ့နှာခေါင်း ရုတ်တရက် ပူလာတာကို ခံစားလိုက်ရသည်။ သူက သူ့နှာခေါင်းကို လက်ဖြင့် အဆောတလျင် အုပ်လျက် တစ်ဖက်သို့ လှည့်ကာ မိုးကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် ပျာယာခတ်လျက် တစ်ဖက်သို့ ပြေးထွက်သွားသည်။

ဂျန်ဝုရှီ လုံးဝ ခေါင်းရှုပ်သွားသည်။ သူမ မျက်လုံးများ မသေချာ မရေရာမှုတို့ဖြင့် ပြည့်နှက်လာသည်။

သူ ဘာဖြစ်နေတာလဲ။

ဖေးယန် အနည်းငယ် ကြောက်လန့်မိသွားသည်။ သို့သော် ကျောက်ချူ၏ ဟာသဖြစ်ရပ်ကို မြင်ပြီးနောက်, သူ ရုတ်တရက် ဟားတိုက် ရယ်မောလိုက်သည်။

ဖူး..... ငတုံး ကျောက်က ပုံမှန်အတိုင်း အရူးထတာပေါ့၊ သူ့ကို လျစ်လျူ ရှူထားလိုက်။

ရောင်းရူက ကူကယ်ရာမဲ့ဟန်ဖြင့် ခေါင်းယမ်းပြီးနောက် ဂျန်ဝုရှီကို လှည့်ကြည့်သည်။ ရှီလေးက ငါတို့ကို ဒီလောက် အံ့အားသင့်စေလိမ့်မယ်လို့ ငါ ထင်မထားဘူး။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now