၅၄၂။ ချန်လင်းမြို့ - ၅

442 50 0
                                    

၅၄၂။ ချန်လင်းမြို့ - ၅

လော့မဲ့မဲ့လား၊ ဖန်ဇို ပိုမို၍ ခေါင်းရှုပ်သွားသည်။

နေအုံး ဂျန်ဝုရှီက သူ့ဝိညာဉ်ကျောက်တုံးများကို စုပုံပြီးနောက် ရုတ်တရက် ပြောလာသည်။ ကျောက်ချူတို့အုပ်စု၏ မျက်လုံးအောက်မှာပင် သူမက အဆင့်မြင့်ဝိညာဉ်ကျောက်တုံး တချို့ကို ကောက်ယူသည်။

ဒါတွေ, ငါ လိုချင်တယ်။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများက ရှားပါးသဖြင့် ဂျန်ဝုရှီက ၎င်းတို့ကို ပိုက်ဆံနှင့် မလဲလှယ်ချင်ပေ။ သူတို့၏ လက်စွပ်ဝိညာဉ်များအတွက် လက်စွပ်အသစ်များ ဖန်တီးမည့်နေရာမှာ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုခြင်းက ပိုမို ကောင်းမွန်သည်။ သို့မဟုတ်လျှင်လည်း ရူလင်းစစ်တပ်အား ပြန်ပေးလိုက်ခြင်းက ပိုမို ကောင်းမွန်လိမ့်မည်။

အခန်းထဲရှိ မည်သူမျှ ဂျန်ဝုရှီ၏ လုပ်ရပ်ကို နည်းနည်းလေးပင် မကန့်ကွက်ကြချေ။ သူတို့က ကျောက်တုံးပုံထဲမှ ဂျန်ဝုရှီအား ဖြည်းဖြည်းချင်း ရွေးယူစေသည့် အပြင် သူတို့ ကိုယ်တိုင်လည်း ရွေးချယ်ပေးကြသည်။

သူတို့တွင် မည်သူမျှ ဂျန်ဝုရှီအား ၎င်းတန်ဖိုးကြီး ဝိညာဉ်ကျောက်တုံးများဖြင့် ဘာလုပ်ဖို့လဲဟု မမေးမြန်းကြချေ။

ကျောက်တုံးပုံထဲမှ သူတို့ ရွေးချယ်ပေးထားသော အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အချို့ကို ဂျန်ဝုရှီက သီးသန့် ပြန်ရွေးချယ်၍ ကျောက်ချူတို့ အုပ်စုကို လှမ်းပေးလိုက်သည်။

ဂျန်ဝုရှီ၏ ထူးထူးဆန်းဆန်း လုပ်ရပ်ကြောင့် ကျောက်ချူက စိတ်ရှုပ်ထွေးသွားကာ မေးသည် ရှီလေး... ဘာလုပ်ဖို့လဲ။

သူမက ဒါတွေကို ရွေးချယ်သွားတာ မဟုတ်ဘူးလား၊ ဘာ့ကြောင့် သူမက သူ့ကို ပြန်ပေးရသနည်း။

လက်စွပ်တွေ ဂျန်ဝုရှီက ကျောက်ချူ၏ လက်ညှိုးမှာ ရှိသော လက်စွပ်ကို ကြည့်လျက် ပြောသည်။ ၎င်းလက်စွပ်က သူနှင့် လက်စွပ်ဝိညာဉ် ချိတ်ဆက်ထားသော အရာဝတ္ထု ဖြစ်သည်။

ကျောက်ချူ နောက်ဆုံးတွင် နားလည်သွားသည်။ သူတို့ ဝတ်ဆင်ထားသော လက်စွပ်များက လက်စွပ်ဝိညာဉ်များကိုယ်တိုင် ပုံစံဖွဲ့တည်ထားသော လက်စွပ်များ ဖြစ်ကြသည်။ ၎င်းလက်စွပ်ဝိညာဉ်များကို အဆင့်မြှင့်တင်ပေးရန် နည်းလမ်း ရှိသည်။ အရေးအကြီးဆုံး အစိတ်အပိုင်းက ဝိညာဉ်ကျောက်တုံးကို သူတို့၏ ဝိညာဉ်လက်စွပ်များမှာ တပ်ဆင်ပေးဖို့ ဖြစ်သည်။ ထိုသို့ လုပ်ဆောင်လိုက်လျှင် လက်စွပ်ဝိညာဉ်၏ စွမ်းအားက တိုးတက်သွားမည် ဖြစ်သည်။ ဒီနည်းလမ်းကို ခေတ်အဆက်ဆက် လက်ကမ်းပေးခဲ့သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now