၄၇၅။ အငြိုးသိုသော အမျိုးသမီး-၂"

412 41 0
                                    

၄၇၅။ အငြိုးသိုသော အမျိုးသမီး-၂

ဖန်ဇိုက အားနည်းသည့်အတွက် အမြဲတမ်း ဝေဒနာခံစားခဲ့ရသည်။ ငယ်စဉ်ကတည်းက ခဏခဏ ဖျားနာခဲ့သည်။ ဖန်ဂျင်က ခဏခဏ ဖျားနာတတ်သော သူ့ညီငယ်ကို အမြဲတမ်း အလွန် ကာကွယ်ပေးခဲ့သည်။ ဖန်ချီနှင့် နင်ရူက ဆရာတူတပည့်များ ဖြစ်ကြ၍ နင်ရှင်းက ဖန်ညီအကိုနှင့် အတူတူ ကြီးပြင်းလာခဲ့သည်။ ချိုသာသော ပင်ကိုယ်ဗီဇရှိသော နင်ရှင်းကို ဖန်ဂျင်က သူ့ညီမလေးလို ဆက်ဆံခဲ့သည်။ သူမက ဖန်ဇိုကို အလွန် ဂရုစိုက်ခဲ့သည်။ ထို့ကြောင့်ပင် ဖန်ဂျင်က နင်ရှင်းကို သူ့ခယ်မလောင်းဟု သတ်မှတ်ထားခဲ့သည်။

သို့သော် ယခုတော့, ခေါင်းဆောင်လူငယ်ပြောခဲ့တာကို ကြားရပြီးနောက် ဖန်ဂျင် လုံးဝ စိတ်ထိခိုက်သွားရသည်။ အပြာရောင် မိုးကြိုးဖြင့် အပစ်ခံလိုက်ရသလို ဖွတ်ဖွတ်ညက်ညက် ကြေကွဲသွားရသည်။

နင်ရှင်းက ယင်ယန်၏ နည်းပြဟု သူ တစ်ချိန်လုံး သိထားသည်။ သူ့ညီမငယ်လေးက သူ့ကို သတ်ချင်နေတာကို သူ မယုံကြည်နိုင် ဖြစ်နေဆဲပင်။

ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ တစ်ခုခု နည်းလည်မှုလွဲနေတာများ ရှိနိုင်မလား ဖန်ဂျင်က အံကြိတ်၍ မေးသည်။

ဂျန်ဝုရှီက အလွန်စိတ်ရှုပ်ထွေးနေသော ဖန်ဂျင့်ကို ကြည့်လိုက်သည်။ သူ့ကို စကား ပြန်မပြောပေ။ ဖန်ဂျင်၏ စရိုက်က သည်လိုသာ ဖြစ်၏။ တဲ့တိုးဆန်သည်၊ ဖြောင့်မတ်သည်၊ တရားမျှတမှုကို လက်ကိုင်ထားသည်။ သို့မဟုတ်ပါက သူမကို လူတိုင်း ဆန့်ကျင်တိုက်ခိုက်နေချိန်မှာ သူမကို ရှေ့ထွက် ကာကွယ်ပေးမည် မဟုတ်ပေ။

ဒီလို လူစားမျိုးက ပုံမှန်အားဖြင့် သန့်စင်ပြီး အညစ်အကြေးမတင်သော နှလုံးသား ရှိသည်။ ဖြောင့်မတ်သော လူစားမျိုး ဖြစ်၏။ ထိုလို လူစားမျိုးက ငြိမ်းချမ်းသော ကာလများမှာ နေထိုင်ရပါက, လူတိုင်း လေးစားခံရသော သူရဲကောင်း ဖြစ်နိုင်သည်။ သံသယရှိစရာပင် မလိုပေ။ သို့သော် တစ်ချိန်တည်းမှာပင် ကြီးမားသော အားနည်းချက်လည်း ဖြစ်နေပြန်သည်။

ထိုလိုလူစားမျိုးက လူများကို ယုံကြည်လွယ်တတ်ပြီး အနည်းငယ် ကြင်နာပြရုံဖြင့် သူ၏ ယုံကြည်မှုကို အရယူနိုင်သည်။ ယဉ်ယဉ်ကျေးကျေးသုံးနှုံးရလျှင် ထိုလိုလူစားမျိုးက အပြစ်ကင်းစင်၍ ရိုးသားသော လူဟု ဆိုနိုင်သည်။ သို့သော် အားမနာတမ်းပြောရလျှင် လူနုံလူအသာ ဖြစ်ပေ၏။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now