၄၉၅။ "ဆက်တိုက်ရိုက်ချက်၊ တတိယပုံစံ-၆"

459 39 0
                                    

၄၉၅။ ဆက်တိုက်ရိုက်ချက်၊ တတိယပုံစံ-၆

နင်ရှင်းက စိတ်သက်သာရာ ရသွားချိန်မှာ သူမဘေးမှ ယင်ယန်က ရုတ်တရက် ကြောက်လန့်တကြား ထအော်လေ၏။

ပိတ်ထားစမ်း နင်ရှင်းက အေးစက်စက် ကြည့်လျက် ပြောသည်။ သို့သော် ယင်ယန်က ရှေ့သို့ လက်ညှိုးထိုးပြလိုက်သည်။ သူ့မျက်နှာက ဖြူရော်နေလေ၏။ နင်ရှင်းက ယင်ယန်လက်ညှိုးထိုးပြသော နေရာသို့ လှည့်ကြည့်လိုက်လျှင် သူမက မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားပြီး လုံးဝ မှင်သက်၍ စကားမပြောနိုင် ဖြစ်သွားလေ၏။

လောင်ချီတို့ အုပ်စုထံ နောက်ထပ် အရပ်ထောင်ထောင်မောင်းမောင်း လူတစ်ယောက် ရောက်ရှိလာသည်။

ဖန်ဂျင်... အဲဒါ ဖန်ဂျင်... သူ အသက်ရှင်သေးတယ်လား.... ယင်ယန်၏ ခန္ဓာကိုယ်က ထိန်းချုပ်လို့ မရအောင် အလွန်သိသာစွာ တုန်ယင်နေသည်။ သူက ရုတ်တရက် နင်ရှင်း၏ ပခုံးကို ဆွဲကိုင်၍ ကြောက်လန့်ခြင်းအပြည့်ဖြင့် ပြောသည် အမကြီးနင်... ဖန်ဂျင် အသက်ရှင်သေးတယ်၊ ပြီးတော့ သူက ဂျန်ရှီနဲ့ တစ်ဖွဲ့တည်းရယ်...

၎င်းစကားလုံးများက နင်ရှင်း၏ ဦးနှောက်ကို အကြီးအကျယ် ပေါက်ကွဲသွားစေ၏။

ဒါ အမှန်ပင် ဖြစ်၏။ ဖန်ဂျင်၏ ဂျန်ရှီနှင့် အခုထိ ရှိနေသေးသော ဖြစ်နိုင်ဖွယ်ရာများကို သူမ မည်သို့ လွဲချော်နိုင်မည်နည်း။ ဖန်ဂျင် ထောင်ချောက်မိသွားသည်ဟူသော သတင်းကို သူမ ရရှိချိန်မှာ တခြားဖြစ်နိုင်ဖွယ်ရာများကို သူမက မဆင်မခြင် သုံးသပ်ခဲ့သည်။

ဖန်ဂျင်က အခုထိ အကောင်းအတိုင်းပင် ရှိသေး၏။ ဒါက သူမအစီအမံမှန်သမျှ ကျရှုံးသွားသည်ဟု ဆိုလိုသည် မဟုတ်လော။ ဖန်ဂျင်က ဂျန်ရှီနှင့် တခြားလူငယ်များနောက်မှ ရောက်ရှိလာသည်။ ဒါက တစ်ချိန်လုံး သူတို့ အတူတူ ရှိနေသည်ဟူသော အချက်ကို ပြသနေသည် မဟုတ်လော။

ဒါက သူမ၏ စီမံကိန်းမှန်သမျှ မဖုံးနိုင် မဖိနိုင် ပေါ်ပေါက်သွားပြီဟု ဆိုလိုသည် မဟုတ်လော။

ဂျန်ရှီကို သူမအနားမှာ နေဖို့ သိမ်းသွင်းရန် ရည်ရွယ်နေဆဲ ဖြစ်သော နင်ရှင်း၏ မျက်နှာက ဖြူရော်သွားပြီး သူမမျက်နှာမှ အရောင်အသွေးမှန်သမျှ ကျဆင်းသွားသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now