၃၇၈။ "လေညင်းကျောင်းတော် - ၂"

490 36 0
                                    

၃၇၈။ လေညင်းကျောင်းတော် - ၂

သင့်ဝိညာဉ်စွမ်းအားကို လက်စွပ်ဝိညာဉ်နှင့် ပေါင်းစပ်ခြင်းကိုယ်တိုင်ကပင် မယုံကြည်နိုင်ဖွယ်ဖြစ်သော သဘောသွားဖြစ်နေပြီး အရင်က မကြိုးစားခဲ့ကြဖူးပေ။ နည်းလမ်းသိသူ တစ်ယောက်ယောက် ရှိနေမလားဆိုတာကို ပြောစရာပင် မလိုတော့ချေ။ ထို့ကြောင့်ပင် လေညင်းကျောင်းတော်က ထိပ်တန်းကျောင်းတော်ဖြစ်နေပြီး မိုးကောင်းကင်အောက်တွင် ဝိညာဉ်ကုစားသူ ဖြစ်လာဖို့ သင်ပေးနိုင်သည့် တစ်ခုတည်းသော နေရာဖြစ်သည်။

မိသားစုထဲတွင် တစ်စုံတစ်ယောက်က အောင်အောင်မြင်မြင် ဝိညာဉ်ကုစားသူ ဖြစ်လာပြီဆိုလျှင်, သူတို့မိသားစု တစ်ခုလုံးက သက်သောင့်သက်သာ နေထိုင်နိုင်သည့် ဘဝကို ရရှိသွားမည် ဖြစ်သည်။

မျှော်လင့်ချက်အပြည့်ဖြင့် လေညင်းကျောင်းတော်သို့ ရောက်လာကြသော လူငယ်များအားလုံးတွင် အနည်းဆုံး ရှစ်ယောက် သို့မဟုတ် ကိုးယောက်လောက်က ဝိညာဉ်ကုစားသူ ဖြစ်လာဖို့ ရည်ရွယ်ချက် ရှိကြသည်။

အုတ်အုတ်ကျက်ကျက် လူငယ်များက လေညင်းကျောင်းတော်၏ ဂိတ်ပေါက်ရှေ့တွင် လူပင်လယ်ကြီးလို ဖြစ်နေသည်။

သူတို့အားလုံးက လည်တဆန့်ဆန့် ဖြစ်နေကြသည်။ အုပ်စုလေးများ ဖွဲ့ပြီး တီးတိုး တီးတိုး ပြောဆိုနေကြသည်။ သူတို့အားလုံး၏ မျက်နှာမှာ မျှော်လင့်ချက်ဖြင့် တက်ကြွနေတာကို တွေ့မြင်နိုင်သည်။

ပုံရိပ်လေးတစ်ခုက လူအုပ်ကြီးတောက်လျှောက် အလျင်အမြန် တိုး‌ဝှေ့၍ အုပ်စုအချို့ကို ကျော်ဖြတ်လာပြီးလျှင် နောက်ဆုံးတွင် လူအုပ်အနည်းငယ်သာရှိသော သစ်ပင်တစ်ပင်အောက်တွင် ရပ်လိုက်သည်။ သစ်ပင်အောက်တွင် ပုံရိပ်လေးခုက စိတ်လက်ရှည်စွာ စောင့်ဆိုင်းနေကြသည်။

ကျောက်ချူက စာရွက်ပိုင်းတစ်ခုကို ကိုင်ထားသည်။ သူ့မျက်နှာက မှိုင်းမှုန်နေပြီး သူ့အပေါင်းအသင်းများထံ လျှောက်လှမ်းလာသည်။ ဒါက ပညာသင်ကြားတဲ့ နေရာလား, ဒါမှမဟုတ် ပိုက်ဆံယူတဲ့ သားသတ်ရုံလား၊ သူတို့က မျက်တောင် တစ်ချက်မခတ်ဘဲ လူတွေကို သတ်ဖြတ်ပစ်နေကြတာပဲ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now