၂၇၆။ "အ‌ယောင်ဆောင်ခြင်း - ၂"

783 68 0
                                    

၂၇၆။ “အ‌ယောင်ဆောင်ခြင်း - ၂”

“ခဲချန်ဂျုကို သတ်ပြီးတော့ သူ့နေရာကို ယူ” ဂျန်ဝုရှီက မျက်မှောင်ကုတ်ကာ သူမအစီအစဉ်ကို ထုတ်ပြောသည်။

ဟွာယောင်းနှင့် ကျောက်ချူက သူတို့တစ်ကိုယ်လုံး တုန်လှုပ်ချောက်ချားသွားသလို ခံစားလိုက်ကြရသည်။

ဂျန်ဝုရှီက တိမ်ဖုံးတောင်ထွတ်သို့ ဝင်ရောက်လာသည့် ပထမညမှာပင် ခဲချန်ဂျုကို သတ်ဖြတ်ပစ်ဖို့ စဉ်းစားလိမ့်မည်လို့ သူတို့ မမျှော်လင့်မိကြချေ။

ဂျန်ဝုရှီက ချင်းယန်ကလန်သို့ လာရောက်ရခြင်း ရည်ရွယ်ချက်က ချင်းယန်ကလန်တစ်ခုလုံးကို ဖယ်ရှားပစ်ဖို့ဆိုတာကို ပြောပြီးသား ဖြစ်သည်။ သို့သော်  ဒီလောက် မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်မည်လို့ ထင်မထားမိကြချေ။

“ဖြစ်နိုင်မှာလား” ကျောက်ချူက ဂျန်ဝုရှီကို အံ့အားတသင့် ကြည့်ပြီး မေးသည်။ သေးသွယ်ပြီး သန့်စင်ဟန်ရသည့် သူ့ရှေ့ရှိ ကောင်လေးထံမှ တုန်လှုပ်ချောက်ချားစရာ အကြံအစည် ထွက်လာတာကို သူ လက်မခံနိုင်သလို ဖြစ်နေသည်။

ဂျန်ဝုရှီက မျက်မှောင်ကြုတ်လိုက်သည်။

ဟွာယောင်းက ပြန်ပြောသည် “မင်းက ဘယ်လိုလုပ်ဖို့ ရည်ရွယ်ထားသလဲ၊ ငါက ငါ့အရိုးတွေကို နေရာပြောင်းလဲပစ်နိုင်တယ်၊ ဒါပေမဲ့ ငါ့ အသားအရေကို မပြောင်းလဲနိုင်ဘူး၊ ငါ့မျက်နှာကျကို ပြောင်းလဲပစ်နိုင်ရင်တောင်, ခဲချန်ဂျုနဲ့ တစ်ထပ်တည်းတူဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ၊ ငါလည်း သူ့မျက်နှာကျအတိုင်း ပုံတူ မကူးနိုင်ဘူး။”

“ငါ့မှာ နည်းလမ်းတွေ ရှိပါတယ်။” ဂျန်ဝုရှီက ဟွာယောင်းကို ကြည့်လိုက်သည်။ “နင် ဘာမှ လုပ်စရာမလိုဘူး, ဒီမှာ စောင့်နေရုံပဲ။”

ဟွာယောင်းက ဂျန်ဝုရှီကို ခဏလောက် စူးစိုက်ကြည့်လိုက်သည်။ သူမ ရည်ရွယ်ချက်ကို စဉ်းစားကြည့်နေမိသည်။ သူက ဘာမျှ ထပ်မပြောတော့ဖို့ ဆုံးဖြတ်လိုက်ပြီး တိတ်ဆိတ်စွာ သဘောတူလိုက်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now