၃၉၁။ "စာရင်းသွင်းခြင်း - ၇"

454 36 0
                                    

၃၉၁။ စာရင်းသွင်းခြင်း - ၇

မကြာခင်မှာပင် တပည့်ကြီးများက တပည့်သစ်များအား နည်းပေးလမ်းပြရန် ရွေးချယ်ခြင်းက ပြီးစီးသလောက် ဖြစ်သွားကြသည်။ နောက်ဆုံးတွင် အငယ်ဆုံးဖြစ်သော ဂျန်ဝုရှီ တစ်ယောက်တည်းသာ ကျန်တော့သည်။

တပည့်ကြီးများတွင် တစ်ယောက်က တပည့်သစ်များထဲမှ အသက်ကြီးသူများကို အမြန်အဆန် မရွေးချယ်နိုင်ခဲ့ပေ။ အခု သူက ပိန်ပိန်ပါးပါး ဂျန်ဝုရှီကို အထင်အမြင်သေးစွာ ခေါင်းစ ခြေဆုံး ကြည့်လိုက်သည်။ သူ့ကြည့်ရသလောက်တော့ ဂျန်ဝုရှီကို ရွေးကောက်ဖို့ လိုလားဟန် မရပေ။

မင်းက အသက် ၁၄နှစ်လား ထိုတပည့်ကြီးက ဂျန်ဝုရှီရှေ့သို့ လာရပ်သည်။ သူ့မျက်နှာက မကျေမနပ် ဖြစ်နေသည်။

ဂျန်ဝုရှီက အသာအယာ ခေါင်းညိတ်ပြသည်။ သူမက တပည့်ကြီး၏ မကျေမချမ်း ဖြစ်နေခြင်းကို သတိမပြုမိပေ။

မင်း လက်စွပ်ဝိညာဉ်က ဘာအမျိုးအစားလဲ ထို့နောက် တပည့်ကြီးက ဆက်မေးသည်။

သားရဲ အမျိုးအစား။

လချီးတဲ့မှ သူက ခပ်တိုးတိုး ဆဲလိုက်ပြီး တပည့်သစ်များကို ဦးဆောင်ခေါ်လာခဲ့သည့် လူငယ်ဘက်သို့ လှည့်ကာ ပြောသည် ငါ့ လက်စွပ်ဝိညာဉ်က လက်နက်အမျိုးအစား၊ ဒီတော့ ငါ ဒီကောင်လေးကို နည်းပေးလမ်းပြ မလုပ်နိုင်ဘူး။

တပည့်သစ်များကို ဦးဆောင်ခေါ်လာခဲ့သော လူငယ်က မနှစ်သက်ဟန်ဖြင့် မျက်မှောင်ကြုတ်သွားသည်။ ပုံမှန်အားဖြင့် တပည့်သစ်များနှင့် လက်စွပ်ဝိညာဉ်တူသူချင်းသာ နည်းပြအဖြစ် တွဲစပ်ပေးသည်။ လက်စွပ်ဝိညာဉ်ချင်း မတူလျှင် ကျင့်ကြံခြင်း နည်းစနစ် မတူသဖြင့် နည်းပြပေးရန် ခက်ခဲသည်။ တပည့်ကြီးများက တပည့်သစ်များကို အုပ်ထိန်းသူအနေဖြင့် လက်ခံကြသော်လည်း, တပည့်သစ်များ၏ လက်စွပ်ဝိညာဉ်စွမ်းအားကို လေ့ကျင့်ပေးခြင်းမှာ မည်သည့် လမ်းညွှန်မှုကိုမျှ လုပ်ဆောင်ပေးနိုင်ကြသည် မဟုတ်ပေ။

နည်းပြရပြီးသော တပည့်သစ်များက ဂျန်ဝုရှီ၏ အခက်အခဲကို တွေ့ရ၍ အူမြူးနေကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now