၃၅၉။ "ကျုပ် လုပ်တော့ ဘာဖြစ်လဲ - ၁"

550 38 0
                                    

၃၅၉။ ကျုပ် လုပ်တော့ ဘာဖြစ်လဲ - ၁

ဖီးနစ်ကျောင်းတော်က ကြီးမားကျယ်ပြန့်သည့် ပရိဝုဏ်မရှိပေ။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က တကယ်ပင် ကြီးပွားစည်ပင်ခဲ့သည့် ကျောင်းတော်ဖြစ်ခဲ့သည်။ သို့သော် ရုတ်တရက် မီးဘေးသင့်၍ တပည့်များ ဆရာများ၏ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ တစ်ညတည်းဖြင့် ကုန်းမြေတစ်ခွင်ရှိ လူငယ်ပေါင်းများစွာ၏ အတက်ချင်ဆုံး ကျောင်းတော်က အပျက်အစီးပုံသာ ကျန်ရစ်ခဲ့သည်။ နောက်တွင် ကျောင်းတော် ပြန်လည် တည်ဆောက်ရန် လူများက ပိုက်ဆံပေးကြသော်လည်း, ကျောင်းတော်၏ အတိတ်က ဂုဏ်ယူဝင့်ကြွားဟန်များကို ပြန်မရတော့ပေ။

လက်ရှိ ဖီးနစ်ကျောင်းတော်မှာ ဝင်းလေးခု ရှိပြီး ကျောင်းသားဦးရေက တစ်ရာပတ်လည်သာ ရှိသည်။ ကျောင်းသားပေါင်း ထောင်ချီရှိနေသည့် ကျောင်းတော်များနှင့် နှိုင်းယှဉ်လျှင်, ဖီးနစ်ကျောင်းတော်က အတော်ပင် သနားစရာကောင်းလှသည်။

ဖီးနစ်ကျောင်းတော်ကို ပြန်လည်တည်ဆောက်ပြီးနောက်, သုံးနှစ်တိုင်တိုင် ကျောင်းတော်မှာ ကျောင်းသားတစ်ယောက်ပင် တက်ရောက်သူ မရှိခဲ့ပေ။ အချိန်ကြာလာသည်နှင့် အရည်အချင်းရှိသည့် ဆရာများက ဖီးနစ်ကျောင်းတော်မှ တခြားကျောင်းတော်များသို့ ထွက်ခွာသွားကြသည်။ ဖီးနစ်ကျောင်းတော် ရပ်တည်နိုင်ဖို့သာ ရည်ရွယ်ပြီး ကျောင်းအုပ်ကြီးက စံသတ်မှတ်ချက် အဆင့်နိမ့်သူများကိုလည်း လက်ခံရတော့သည်။

အစောပိုင်းကာလများတွင် အရည်အချင်းရှိသူများကိုသာ လက်ခံခဲ့သည်။ နောက်ပိုင်း အရည်အချင်းနိမ့်သူများကိုပါ လက်ခံလာခဲ့ရသည်။ ဖီးနစ်ကျောင်းတော်အတွက် ငွေကြေး ပေးသွင်းနိုင်သူ မည်သူ့ကိုမဆို ကျောင်းတော်က အခု လက်ခံနေရသည်။

ဖီးနစ်ကျောင်းတော်မှာ ဆရာလေးယောက်ရှိပြီး သူတို့က ဝင်းအသီးသီးမှာ သီးသန့်တာဝန်ယူ သင်ကြားပေးကြရသည်။ ဝင်းလေးခုက အရှေ့ဖက်ဝင်း, အနောက်ဖက်ဝင်း, တောင်ဖက်ဝင်းနှင့် မြောက်ဖက်ဝင်းတို့ ဖြစ်သည်။ ကျောင်းအုပ်ကြီးက ပိုက်ဆံ‌လောဘကြီးသူ ဖြစ်သည်။ ကျောင်းသားများက ပိုက်ဆံပေးနိုင်သမျှ မည်သည့်ကိစ္စကိုမျှ ဂရုစိုက်သူ မဟုတ်ပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now